Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 27 June 2012

ဘင်္ဂါလီ ၉၀ ကျော်ကို လဝက ဥပဒေဖြင့် စစ်ဆေး


ရန်ကုန်၊ ဇွန် ၂၇

ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသော ဘင်္ဂါလီ လူမျိုး ၉၀ ကျော်ကို သံတွဲခရိုင် လွှဲပြောင်း၍ ဇွန်လ ၂၇ ရက်နေ့မှ စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သံတွဲမြို့ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“လ.ဝ.က က စစ်ဆေးပြီးမှ တရားရုံးတင် စစ်ဆေးမယ်။ ပြစ်မှု ထင်ရှားရင် အရေးယူသွားမယ်။ ပြီးမှ သက်ဆိုင်ရာ နိုင်ငံကို လွှဲမယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဖမ်းဆီးခံထားရသော ဘင်္ဂါလီ လူမျိုးများမှာ မြန်မာ ဘာသာစကား တတ်ကျွမ်းသူ မပါရှိသဖြင့် အမှုစစ်ဆေးရန် အခက်အခဲ ကြုံနေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

အဆိုပါ ဘင်္ဂါလီများကို ဘာသာပြန် အကူအညီဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့မှာ ဘင်္ဂါလား ပင်လယ်အော် အတွင်းမှ လာသော စက်လှေမှဖြစ်ပြီး မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံ နယ်စပ်မှတစ်ဆင့် ထွက်ခွာရန် လာခြင်း ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့ စခန်းက အတည်ပြု ပြောကြားသည်။

အဆိုပါ ဘင်္ဂါလီများသည် ဇွန်လ ၂၀ ရက်နေ့ခန့်က စက်လှေပျက်စီး၍ ဂွမြို့နယ်နှင့် ၇ မိုင်ခန့် ဝေးကွာသော ဂွကျွန်းသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး အဆိုပါ ဘင်္ဂါလီများကို ဂွမြို့နယ်မှ သံတွဲခရိုင်သို့ ဇွန်လ ၂၅ ရက်နေ့တွင် လွှဲပြောင်း ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment

 
Blogger Widgets