skip to main  |
      skip to sidebar
          
        
          
        
ရခိုင်ဒုက္ခသည်များသို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် အလှူငွေပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့
ယနေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တာမွေကလေးရပ်ကွက် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတောပြည့်ကျောင်းတိုက်ရှိ 
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မူများကြောင်း ဖြစ်ပေါ်လျှက်ရှိရာ ထိုကြောင့် ရခိုင်ပြည်သူ 
ပြည်သားများအတွက် ကယ်ဆယ်ရေးအလှူငွေပေး အပ်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင့် သိရသည်။
 အဆိုပါ အခမ်းအနားကို ည(၄း၀၀)နာရီအချိန်တွင်စတင်ကျင်းပခဲ့ပြီ ရန်ကုန်မြို့ပေါ်ရှိတပည့်ဒကာ/ဒကာမများနှင့် အလိုတော်ပြည့်ကျောင်း
 တိုက်ဂေါပကအဖွဲ့ဝင်များနှင့်အတူ စေတနာရှင် ကုသိုလ်ရှင်များတက်ရောက်ခဲ့ပြီ အခမ်းအနားကို ပြည်တွင်း ပြည်ပ သာသနာပြုကျေးဇူး
 တော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီး၏ဦးဆောင်မူဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန်မှ အလှူငွေများကိုလက်ခံခဲ့ပြီး ရန်ကုန်မြို့
 အလိုတော်ပြည့်ဂေါပကအဖွဲ့နှင့်အတူအလှူငွေပေးအပ်ပွဲသို့ ပြည်တွင်း ဂျာနယ် သတင်းထောက်များစုံစုံလင်းလင်းတက်ရောက်ခဲ့ကြောင်း
သိရသည်။
 အဲဒီနောက် အလှူငွေများကို နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့်မှ လက်ခံခဲ့ပြီး အလှူငွေများ သိန်း(၄၀၀)ကျော်ကိုလက်ခံရရှိခဲ့ကြောင်း
 သိရသည်။ အဆိုပါ အလှူငွေများနှင့်အတူ ပြည်သူများအတွက်အဓိကလိုအပ်နေသော ဆန်းစပါးများဟာ အထူးလိုအပ်နေသောကြောင့်
 ရခိုင်ပြည်နယ် မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်ရှိ ဒုက္ခသည်များသို့ ပထမအကြိမ်လှူဒါန်းသော ဆန်းအိတ်ပေါင်း(၁၅၀)အိတ်
 မောင်တောအလိုတော်ပြည့်ပရဟိတကျောင်းတိုက်ရှိဒုက္ခသည်များသို့ ဆန်းအိတ်ပေါင်း(၁၅၀)အိတ် မောင်တောမြို့ ဗဟိုကျောင်းတိုက်သို့
 ဒုက္ခသည်များသို့ ဆန်းအိတ်(၁၅၀)အိတ်နှင့်အတူ ဘူးသီးတောင် အလိုတော်ပြည့်ကျောင်းတိုက်၏ဒုက္ခသည်များသို့ဆန်းအိတ်ပေါင်း
 (၂၀၀)အိတ် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်ရှိ ဒုက္ခသည်များရှိရာသို့ ဆန်းအိတ်ပေါင်း(၄၀၀)အိတ်နှင့်အတူ ရသေ့တောင်မြို့
 အလိုတော်ပြည့်ကျောင်းတိုက်ရှိ ဒုက္ခသည်များသို့လှူဒါန်းသော ဆန်းပေါင်း(၃၀၀)အိတ် ကို တစ်အိတ်လျှင် ကျပ်နှစ်သောင်းနူန်းဖြင့် စုစုပေါင်း
 ဆန်းအိတ်(၁၃၅၀)အိတ်ကို ပဌမအကြိမ် အလိုတော်ပြည့်ဆရာတော်ကြီး၏ဦးဆောင်မူဖြင့် မနက်ဖန် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင့်
သိရသည်။
 ယနေ့ ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင်ပဌမအကြိမ်ရခိုင်ဒုက္ခသည်များသို့ အလှူငွေပေးအပ်ပွဲသို့ လှူဒါန်းရရှိခဲ့သည် စုစုပေါင်း
 အလှူငွေကျပ်ပေါင်း သိန်း(၄၀၀)ကျော် ကိုကောက်ခံရရှိခဲ့ပြီးဖြစ်သည် ဒုတိယအကြိမ် အလှူငွေပေးအပ်နိုင်ရန်အတွက် ရန်ကုန်မြို့ တာမွေမြို့
 နယ် တာမွေလေးရပ်ကွက်ရှိ စေတနာရှင် ကုသိုလ်ရှင်များ မိမိတို့လာရောက်လှူဒါန်းနိုင်ရန်အတွက် အလှူခံဌာနကိုဖွင့်လှစ်ထားရှိပြီး
 ပြည်တွင်းပြည်ပရှိ စေတနာရှင် ကုသိုလ်ရှင်များသို့ အသိပေးဖိတ်ကြားထားကြောင်းသိရသည်။ 
 
 
          
      
 
  
 
 
  
 
No comments:
Post a Comment