MEG
ဇွန်လ ၁၂ ရက်နေ့  
|  | 
| စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း  ဓါတ်ပုံ- Eleven Media Group | 
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁း၁၅ နာရီခန့်တွင် စစ်တွေမြို့နယ် နာဇီကျေးရွာတွင်  ရခိုင်တိုင်းရင်းသား ၆၀၀၀ခန့်နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ၁၀၀၀၀ခန့် အဓိကရုဏ်း  ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါ အဓိကရုဏ်း ဖြစ်ပွားသည့်နေရာတွင်  ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် တပ်မတော်မှ ၃၀ ဦးခန့် က ၀င်ရောက်ဖြန်ဖြေ  ပေးနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသည့် Eleven Media Group  မှ သတင်းထောက်က သတင်းပေးပို့ပါသည်။
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က စစ်တွေမြို့ ကသဲရပ်ကွက်တွင်  ရိုဟင်ဂျာ ဘင်ဂါလီများက အိမ်ကို မီးရှို့၍ ထွက်ပြေးသွားကြကြောင်း သိရသည်။  မီလောင်မှုကြောင့် ရခိုင်လူမျိုးများ၏ နေအိမ် ၅ လုံးခန့်နှင့် ရိုဟင်ဂျာ  ဘင်င်္ဂါလီများ၏ နေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။  မီလောင်မှုမှာ လက်ရှိအချိန်အထိ ဆက်လက်လောက်ကြွမ်းလျှက်ရှိကြောင်း သိရသည်။
စစ်တွေမြို့နယ် နာဇီကျေးရွာတွင် မီးအကြီးအကျယ် လောင်ကြွမ်းနေကြောင်းနှင့်  လူအချို့ ပိတ်မိနေသည်ဟု ဒေသခံများက ခန့်မှန်းပြောကြားခဲ့ကြောင်း  အဆိုပါနေရာအနီသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ  သတင်းပေးပို့  Eleven Media Group - Facebook  အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
|  | 
| စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group
 | 
နာဇီရွာ မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများ နေထိုင်သည့် နေအိမ်အတွင်းမှ  မီးအားပိုမို တောက်လောင်စေသည့် လောင်စာဆီများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ  မီးငြှိမ်းသတ်ရာတွင် အခက်အခဲ ရှိစေရန် လမ်းသွယ်၊လမ်းကြား အချို့တွင်  အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး  ဦးမင်းစန်းအေး က ပြောကြားခဲ့သည်။
|  | 
| စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group
 | 
|  | 
| စစ်တွေမြို့ နာဇီဈေး ယခု မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် မီးလောင်မှုမြင်ကွင်း ဓါတ်ပုံ- Eleven Media Group
 | 
 
No comments:
Post a Comment