EMG 
"ဒီနေ့  မနက် စစ်တွေမြို့ရဲ့ အခြေအနေကတော့ တည်ငြိမ်နေပါတယ်။ မိုးကလည်း  သည်းသည်းထန်ထန် ဆက်ပြီးရွာနေပါတယ်။ မနေ့ ညဦးပိုင်းက  ကျောင်းကြီးလမ်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်က ဘင်္ဂါလီတွေကို သဲကျောင်းနဲ့  ဘုမေဘက်ကိုသွားဖို့ အာဏာပိုင်တွေက စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။  ကျောင်းကြီးလမ်းရပ်ကွက် ဘင်္ဂါလီအုပ်စု တော်တော်များများက အာဏာပိုင်တွေ  စီစဉ်ပေးတဲ့အတိုင်း ထွက်သွားကြပေမယ့် အောင်မင်္ဂလာမှာရှိနေတဲ့ ဘင်္ဂါလီ ၉၀  ရာခိုင်နှုန်းလောက်ကတော့  မသွားခဲ့ကြပါဘူးလို့ မျက်မြင်တွေ့ရှိရတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ ည ၉  နာရီ ၂၀ လောက်အချိန်မှာတော့ အောင်မင်္ဂလာမှာရှိနေတဲ့ ဘင်္ဂါလီတချို့ကတော့  အုပ်စုဖွဲ့ပြီး ကသဲရွာမှာရှိတဲ ရခိုင်အိမ်တွေကို လေးခွနဲ့ စပစ်ပါတယ်။  အဲဒီအခါမှာ ရခိုင်တိုင်းရင်းသာတွေကလည်း ပြန်ပစ်ပါတယ်။ စစ်တပ်ရောက်လာပြီး  သေနတ်ပစ်ဖောက် သတိပေးခဲ့တဲ့အတွက် ဘင်္ဂါလီတွေ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။"
  "မနေ့က စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ (၆)ယောက် သေတယ်လို့ သိရပါတယ်။ ၃ ယောက်က  မင်းဂံဘက်မှာ သေခဲ့တာပါ။ မနေ့မနက် အစောပိုင်းမှာဖြစ်ခဲ့တဲ့ ကသဲရွာ  ရန်စမှုမှာ သေခဲ့တာလို့ သိရပါတယ်။ မင်းဂံဘက်မှာ သေခဲ့တဲ့ ၃ ယောက်မှာ ၂  ယောက်က ရခိုင်တိုင်းရင်ားး ဟန်ဆောင်ပြီး မြို့ပေါ်တတ်လာတဲ့သူတွေပါ။ ၁  ယောက်ဆီမှာ ကင်မရာ ၁ လုံးတွေ့ပြီး၊ နောက် ၁ ယောက်ဆီမှာ  အသံဖမ်းစက်တွေ့တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့  မီးရှို့ဖို့မြို့ပေါ်တက်လာတဲ့သူပါ။ သူ့ရဲ့ခါးကြားမှာတော့ မီးမညှိရသေးတဲ့ မီးကွင်းတွေကို တွေ့ရပါတယ်။"
"မနေ့က ရသေ့တောင်ဘက်မှာတော့ ကုန်တန်းကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁၀၀ လောက်  မီးလောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘင်္ဂါလီတစ်ဦးက သူ့အိမ်သူ မီးရှို့ရာက  အခုလို မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ရသေ့တောင် ဒေသခံတွေရဲ့ ပြောပြချက်အရ  ရသေ့တောင်ဘက်ကို စစ်တွေဘက်က ပြေးလာတဲ့ ဘင်္ဂါလီ ၆၀၀ လောက် ရောက်လာတယ်လို့လည်း  သိရပါတယ်။ မနေ့ည ၁၂ နာရီ အချိန်ကတော့ စစ်တွေ ကုန်တန်းရပ်ကွက် ဟိန္ဒူဘာသာဝင်  ၄ ဦး၊ မရမာကြီး ၁၄ ယောက်ကို ကား (၃)စီးနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲဝင်တွေက  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်"ဟု Eleven Media Group သတင်းထောက်က  ယနေ့(ဇွန်လ ၁၄ရက်)နံနက်ပိုင်းတွင် သတင်းပေးပို့ခဲ့ပါသည်။
 
No comments:
Post a Comment