Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday, 17 June 2012

မြန်မာရဲက မျက်နှာလိုက်လို့ ကုလသမဂ္ဂပြော

RA


ကုလသမဂ္ဂရဲ့ ​မြန်မာနိုင်ငံဆိုင်ရာ ​လူ့အခွင့်အရေး ​အထူးကိုယ်စားလှယ် ​တိုမတ်စ်အိုဟေး ​ကင်တားနားက ​ရခိုင်ပြည်နယ်မှာ ​ဖြစ်နေတဲ့ ​ပြဿနာအတွင်း ​ရဲတွေက ​အမိန့်မလိုက်နာပဲ ​ဘက်လိုက်မူတွေ ​လုပ်ခဲ့တယ်လို့ ​ပြောပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ပြဿနာဟာ ​ရခိုင်ပြည်ပြဿနာသာမဟုတ်ပဲ ​မြန်မာနိုင်ငံရဲ့ ​ပြဿနာဖြစ်တယ်လို့လဲ ​ပြောသွားခဲ့ပါတယ်။

ကုလအထူးအကြံပေးမြန်မာနိုင်ငံခရီးစဉ်သတင်းစာရှင်းလင်းပွဲပြန်လည်ဖျက်သိမ်းခဲ့
ရခိုင်ပြည်နယ်ကို ​သွားရောက်လေ့လာခဲ့တဲ့ ​ကုလသမဂ္ဂ ​ကိုယ်စားလှယ် ​ဗီဂျေးနမ်ဘီးယားကလည်းသတင်းစာ ​ရှင်းလင်းပွဲ ​ပြုလုပ်မယ်လို့ ​ပြောခဲ့ပေမယ့် ​ပြန်လည် ​ဖျက်သိမ်းလိုက်တယ်လို့ ​အပြည်ပြည်ဆိုင်ရာ ​လေဆိပ် ​တာဝန်ရှိ ​ရဲအရာထမ်းတွေက ​ပြောပါတယ်။
မြန်မာနိုင်ငံ ​ရန်ကုန်က ​ကုလရုံး ​ပြန်ကြားရေး ​တာဝန်ရှိ ​ဦးအေးဝင်းကတော့ ​ကုလသမဂ္ဂအနေနဲ့ ​နောက်ရက်မှပဲ ​ထုတ်ပြန်ကြေငြာချက် ​လုပ်မယ်လို့ ​ပြောပါတယ် ​။

ဒါပေမယ့် ​၀ါရင့် ​သတင်းစာသမားတွေကတော့ ​ဗီဂျေးနမ်ဘီးယားရဲ့ ​ရခိုင်ပြည်နယ်နဲ့ ​ပတ်သက်ပြီး ​မီဒီယာတွေက ​မေးမှာကို ​သိနေတဲ့အတွက် ​သတင်းစာရှင်းလင်းပွဲ ​မလုပ်ခဲ့တာ ​ဖြစ်တယ်လို့ ​တိတိကျကျ ​ထင်ကြေးပေး ​ပြောဆိုနေကြပါတယ်။

"ဗီဂျေးနမ်ဘီးယားကရခိုင်ပြည်နယ်ကိုသွားတဲ့အခါအစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကိုခေါ်သွားတယ်။မောင်တောကိုသွားတဲ့အခါလည်းဗုဒ္ဓဘာသာတွေရဲ့ကိုယ်စားလှယ်တွေနဲ့မတွေ့ခဲ့ဘဲတစ်ဖက်သတ်တွေ့ဆုံခဲ့တာဖြစ်တယ်။ဒါကိုအားလုံးကသိပြီးသတင်းစာရှင်းလင်းပွဲမှာမေးဖို့လည်းပြင်ဆင်ထားကြတယ်။ဒါကြောင့်သတင်းစာရှင်းလင်းပွဲကိုဖျက်ခဲ့တာလို့ယူဆရတယ်"
ပြည်တွင်း ​အခြေစိုက် ​ပြည်ပ ​သတင်းထောက် ​တစ်ဦးက ​ပြောသွားတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​ဘုတ်ဘုတ်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments:

Post a Comment

 
Blogger Widgets