Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Friday, 15 June 2012

စစ်တွေ၊ မောင်တောနှင့် ကော့စ်ဘဇား သတင်း

ဇွန်လ ၁၄ ရက်နေ့နဲ့ ဇွန် ၁၅ ရက်အကြား ညဥ့် ၁ နာရီမှာ စစ်တွေ မြို့သူကြီး ရပ်ကွက် (ခေါ်)  ရွေပြား ရပ်ကွက်ကို မွတ်ဆလင် တချို့က ၀င်ရောက်မီးရှို့တဲ့ အတွက် နေအိမ် (၆) လုံးမီးထဲ ပါသွားခဲ့ပါတယ်။ သူတို့အိမ်ကို သူတို့ မီးလာရှို့ပြီး အသင့်စောင့်နေတဲ့ စက်လှေနဲ့ ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။

တရားသီးစု ရပ်ကွက် လမ်းပေါ်မှာ ကင်းယူနေတဲ့ ရခိုင် လူငယ် (၇) ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်သွားတာ ခုချိန်ထိ ပြန်မရောက်သေးဘူးလို့ သိရပါတယ်။
မောင်တောမှာတော့ အမှတ် (၅) ရပ်ကွက်က ဗလီမှာ ဘုရားဝတ်ပြုဖို့ လာတဲ့ လူ ၅ ဦးပါ အဖွဲ့ တစ်ဖွဲ့ကို ရဲက မိုးပေါ်ထောင်ပစ်ပြီး ဟန့်တားတဲ့ အတွက် လူစု ခွဲပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
မောင်တောမြို့ပြင် မြို့သူကြီး ရပ်ကွက်မှာတော့ စစ်သားတွေ အလုံးအရင်း ရောက်နေပြီး တပ်ဖြန့်ချထားတယ်လို့ ပြောပါတယ်။  ဒီကနေ့ဟာ သောကြာနေ့ ဖြစ်တဲ့ အတွက် ဆူပူမူတွေ ထပ်ဖြစ်မှာကို စိုးရိမ်တဲ့ အတွက် အခုလို လာရောက်ကြတာ ဆိုတာကတော့ သဲကွဲစွာ မသိရသေးပါဘူး။
————– ————————————–
ဒီကနေ့ ဘင်္ဂလာဒေခ်ျ့က ထုတ်တဲ့ The Daily Star သတင်းစာမှာ Myanmar Claims Jammat Link ခေါင်းစဉ်နဲ့ သတင်း တစ်ပုဒ်ပါလာပါတယ်။
အဲဒီ သတင်းမှာ ဘင်္ဂလာဒေခ်ျ့ ပါလီမာန်မှာ နိုင်ငံခြားရေ ၀န်ကြီး ဒီပူရ် မူနီက မနေ့က ပြုလုပ်တဲ့ ပါလီမာန်မှာ အခု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ ပြဿနာကို ဘင်္ဂလာဒေခ်ျ့ ဘာသာရေး ပါတီ တစ်ခုဖြစ်တဲ့ ဂျာမတ် အီစလန်မစ် အဖွဲ့က ဘင်္ဂလာမှာနေထိုင်တဲ့ ရိုဟင်ဂျာတွေကို လက်နက်တွေ ကူညီပြီး ဆူပူအောင် လုပ်တယ်ဆိုပြီး မြန်မာ အစိုးရက စိုးရိမ်ကြောင်း သူနိုင်ငံရဲ့ သံတမန်တွေကို ထုတ်ဖေါ်  ပြောတယ်လို့ ပြောဆိုသွားပါတယ်။ အခုလို ပြောဆိုတာတွေ ရှိနေတဲ့ သူ့နိုင်ငံ လုံခြုံရေး အတွက် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံက လူတွေကို လုံးဝ လက်ခံလို့ မရဘူးလို့ ပြောဆို သွားခဲ့ပါတယ်။
ကော့စ်ဘဇားခရိုင်မှာ ရှိတဲ့ ရခိုင်ရွာတွေမှာ လုံခြုံရေး အထူးတင်းကျပ်ထားပြီး ရခိုင်တွေကို ဒီကနေ့မှာ အိမ်ပြင်ကို မသွားလာဖို့  ရဲအဖွဲ့က တိုက်တွန်းထားပါတယ်။ ဈေးဆိုင်တွေကိုလည်း ပိတ်ထားခဲ့ကြပါတယ်။ ဒီနေ့ သောကြာနေ့ ၀တ်ပြု အပြီးမှာ ဘာသာရေး ခေါင်းဆောင်တွေက ဆန္ဒပြဖို့ ခွင့်တောင်းတာကို ဒေသ အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကော့စ်ဘဇားမှာ အခြေအနေဟာ ငြိမ်နေတယ်လို့ ပြောပါတယ်။
ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီမြို့နယ် အတွင်းက မြန်မာနိုင်ငံနဲ့ နီးစပ်တဲ့ ရွာတွေမှာတော့ ရွာကို စွန့်ခွာသွားတဲ့ ရခိုင်တွေ ရှိသလို အများစုကတော့ သတိနဲ့ နေထိုင်နေကြတယ်လို့ သိရပါတယ်။

Narinjara

No comments:

Post a Comment

 
Blogger Widgets