Ray Lynn
ဘူးသီးတောင် မောင်တောမြို့မှ ရခိုင်တို့ဧ။် အော်သံ
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဘုန်းဆွေသည် လွန်ခဲ့သော သုံးနှစ်ခန့်ကပင် ဘူးသီးတောင်၊မောင်တောမြို့တွင် နေထိုင်သော ဘင်္ဂါလီတို့ကို မြေတောင်မြှောက်ပေးပြီး ဒေသခံ ရခိုင်လူမ...ျိုးတို့ကို ပုန်ကန်ဆန့်ကျင်ရန် မြှောက်ပင့်လှုံ့ဆောင်ပေးလျက် ရှိကြောင်း သိရှိရပါသည်။ ယခုဖြစ်စဉ်တွင်လည်း ဒုဝန်ကြီး ဘုန်းဆွေ ရောက်ရှိလာပြီး ဘင်္ဂါလီတို့များဧ။် ၀င်ရောက် အကြမ်းဖက် ဖျက်ဆီးမှုကြောင့် မိမိတို့ဧ။် ရွာများအား စွန့်ခွာကာ အသက်လု ထွက်ပြေးလာရသော ဒေသခံ ရခိုင်တိုင်းရင်းသားများ နှင့် တွေ့ဆုံရာတွင် ဒေသခံ ရခိုင်လူမျိုးများကို တစုံတရာအားပေးစကားပြောကြားခြင်း မရှိခြင်း၊ တစုံတရာ ကူညီထောက်ပံ့ပေးမှု မရှိခြင်း အပြင် ဘင်္ဂါလီလူမျိုးများသာ ကောင်းကြောင်းကို ရှေ့တန်းတင် ပြောကြားခဲ့ပါသည်။ ထိုသို့ နိုင်ငံတော် အကြီးအကဲ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံဧ။် တိုင်းရင်းသားအစစ်ဖြစ်သော ရခိုင်လူမျိုးများအား ကြည့်ရှုစောင့်ရှောက်ခြင်း မရှိဘဲ လူမျိုးခြား ဘင်္ဂါလီလူမျိုးများကိုသာ ဦးစားပေး မြှောက်ပင့်ပေးမှုသည် နိုင်ငံတော်ဧ။် ပေါ်လစီတရပ်ရပ်များ ဖြစ်နေမလားဟု ရခိုင်လူမျိုးများမှာ စိုးရိမ်စွာဖြင့် အံ့သြနေကြကြောင်း ……………………
ထို့အပြင် မောင်တောမြို့နယ် သရီကုန်းဘောင် နတလကျေးရွာတွင် တာဝန်ကျနေသော ဆရာ၊ဆရာမ လေးဦး သည် ဘင်္ဂါလီများဧ။် ရန်မှ အသက်လု၍ ထွက်ပြေးတိမ်းရှောင်လာရပါသည်။ထိုဆရာ၊ဆရာမများအား ဒုဝန်ကြီး ဘုန်းဆွေ တွေ့ဆုံရာတွင်လည်း တစုံတရာ အားပေးစကားပြောကြားခြင်း မရှိဘဲ အပြေးသန်သည့် ဆရာ၊ဆရာမများ ဖြစ်၍ မာရသွန်အပြေးပြိုင်ပွဲတွင် ပြေးခိုင်းမည်ဖြစ်ကြောင်း မထီမဲ့မြင် ချုံချစကားဖြင့် ပြက်ရယ်ပြု ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောခြင်းသည် နိုင်ငံတော် အကြီးအကဲတစ်ဦးဧ။် အကျင့်သိက္ခာနှင့် ညီ၊မညီ စိစစ်သင့်ပါသည်။
ထို့အတူ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး လှမင်းမှလည်း နယ်မြေအေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား လုံးဝတာဝန်ယူသည်ဟု တစုံတရာပြောကြားခြင်း မရှိဘဲ ဒုက္ခသည်ရခိုင်လူမျိုးများအား လျစ်လျူရှုထားသည်ကိုလည်း တွေ့ရှိရပါသည်။ အလားတူပင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်သည်လည်း ရခိုင်လူမျိုးစစ်စစ်ဖြစ်ပါလျက် ရခိုင်ဒုက္ခသည်များအား အားပေးစကားပြောခြင်း၊ကူညီထောက်ပံ့ခြင်း လုံးဝမရှိဘဲ ဗမာအစိုးရဧ။် ကြိုးဆွဲရာ ကနေသည့် ရုပ်သေးရုပ်ပမာ ပြုမူဆောင်ရွက်နေပါသည်။
ဤသို့ နိုင်ငံတော် အကြီးအကဲများ အနေဖြင့် ဒေသခံ တိုင်းရင်းသားတို့အား လျစ်လျူရှုထားခြင်းမှာ ရခိုင်လူမျိုးများအား ဖိနှိပ်ချုပ်ချယ်သည့် သဘောတရား ၊အကြောင်းအရင်း တစ်ရပ်များလားဟု ဒေသခံ ရခိုင်လူမျိုးများ သံသယ ဖြစ်နေကြကြောင်း...............................
(ဘူးသီးတောင်၊မောင်တောမြို့မှ မျိုးချစ်ရခိုင်တစ်ဦးဧ။် ပြောကြားချက်)
No comments:
Post a Comment