Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Friday, 15 June 2012

ရခိုင်သား တစ်ယောက်ရဲ့ တောင်းဆိုလွှာ . . .

မနက်ဖြန်များဟာ

ရင်ဘတ်ထဲမှာ ခဲ ဆွဲထားတယ် . . .



ဒီမြေ ဒီရေ ဒီလေ

ငါ့အဘိုးအဘွားတွေပိုင်ခဲ့တယ်

ငါတို့ ပိုင်ခဲ့တယ်

ငါ့သားသမီးတွေ ပိုင်ဦးမယ်

ငါ့မြေးမြစ်တွေ ပိုင်ပါဦးမလား

ငါ့မျိုးဆက်တွေ ဆိုင်ပါဦးမလား

ဘာမဆိုင် ညာမဆိုင်

တိုင်းတစ်ပါးသားတွေ မောင်ပိုင်စီးထားတဲ့ အနာဂါတ်မှာ . . .



ငါတို့သာသနာ နှစ်နှစ်ထောင်ကျော်

ထွန်းလင်းခဲ့တဲ့ အနောက်ဘက်ကမ်း

ငါတို့အနုပညာ ငါတို့ရိုးရာ ငါတို့ဘာသာ

တောက်ပခဲ့တဲ့ လခြမ်းမြေကို မျှော်မှန်း

အနာဂါတ်ကို ရော်ယမ်းရင် ရင်ထဲမှာ မချိဘူး . . .



၁၉၄၈ မှ ၂၀၁၂

၂၀၁၂ မှ ၂၀၆၀

လူဦးရေ၀ါးမြိုမူ့ကိုတွက်ဆရင်

အမောဖောက် ဖောက်လာတယ်

အဲ့ဒီအချိန်ကြရင်

ငါတို့ မြေကို မှာ ငါ့မျိုးဆက်နေရဦးမလား

ငါတို့ မြေမှာ ငါတို့သာသနာထွန်းကားဦးမလား

ငါတို့ မြေမှာ ငါလူမျိုးနာမည်ရှိပါဦးမလား

တချို့တချို့က ပါးစပ်လေးနဲ့ပြောတာပါကွယ်

အမျိုးပျောက်မှာ စိုးကြောက်တယ် တဲ့

ငါတို့ကတော့ အသက်နဲ့ရင်းခဲ့ရတယ် . . .



ငါတို့ဟာ လူရိုးတွေပါ

ငါတို့ဟာ လူအတွေပါ

ငါတို့မြေက သဘာဝဓါတ်ငွေ့

တရုတ်ပြည်အထိ သွယ်လည်း

ငါတို့ မျက်စိမှိတ်နေပါတယ်

ငါတို့ရေ မှာ ဆိပ်ကမ်းကြီးဆောက်

ရသမျှကို အပိုင်သိမ်းကြလည်း

ငါတို့ ခေါင်းငုံ့နေပါတယ်

တခုတော့ ကူညီကြပါ

နိုင်ငံတော်က လူကြီးတို့ရယ်

ငါတို့မြေမှာ ငါတို့ နေထိုင်နိုင်အောင်

ငါတို့ကိုစောင့်ရှောက်ပေးပါ

ငါတို့ရေမှာ ငါတို့ငါးဖမ်းနိုင်အောင်

ငါတို့ကို ကာကွယ်ပေးပါ

ငါတို့ဟာ မြန်မာနိုင်ငံတော်ကြီးရဲ့

တရားဝင် တိုင်းရင်းသားတွေပါ

ရိုးအတဲ့ငါတို့အဖို့

အဲ့သလောက်လေးပဲ တောင်းဆိုပါရစေ

အဲ့သလောက်လေးပဲ တောင်းဆိုပါရစေ . . .





မာဃလုလင်

No comments:

Post a Comment

 
Blogger Widgets