Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."
Monday 18 June 2012
ထောက်ပံ့အလှူငွေများအား ပေးအပ်လွဲပြောင်းခြင်း
by Ashin Narin on Tuesday, 19 June 2012 at 00:11 ·
             ပြည်ထောင်စုမြန်မာနိုင်ငံ  အကြမ်းဖက်မှုဒဏ်သင့် ရခိုင်တိုင်းရင်းသားပြည်သူများအတွက်
လူသားချင်း စာနာထောက်ထားသော အနေအားဖြင့် သီရိလင်္ကာနိုင်ငံရောက် မြန်မာစာသင်သား ရဟန်းတော်များမှ
၁။ ရူပီး= ၁၆၃၀၀၀ (တစ်သိန်းခြောက်သောင်းသုံးထောင်)
၂။ အမေရိကန်ဒေါ်လာ = ၂၉၀၀ ( နှစ်ထောင့်ကိုးရာ)
၃။ စင်္ကာပူဒေါ်လာ= ၁၁၈၀ ( တစ်ထောင့်တစ်ရာရှစ်ဆယ်)
၎။ မလေးရင်းဂစ်= ၆၅၀ ( ခြောက်ရာ့ငါးဆယ်)
၅။ ထိုင်းဘတ်= ၁၅၀၀ ( တစ်ထောင့်ငါးရာ)
မြန်မာငွေပမာဏအားဖြင့်………..(၄၄၈၄၀၀၀)လေးဆယ့်လေးသိန်းရှစ်သောင်းလေးထောင်ကျပ်တိတိကို (18-06-2012)ံနေ့စွဲဖြင့် မကုဋာရာမ မြန်မာကျောင်းတော် ဆွမ်းစားကျောင်းဆောင်တွင် မန်းလေးနာယက ဆရာတော် ဦးဇောတိက ၊ ရန်ကုန်နာယက ဆရာတော် ဦးကိတ္တိသာရတို့နှင့်အတူ ဦးအာသဘ၊ ဦးဥတ္တမ(မြန်အောင်၊ကြံခင်း) အရှင်နရိန္ဒ-အမေ့မေတ္တာအရှင်(မတ္တရာ) စသော အကျိုးတော်ဆောင်ဆရာတော်များမှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ဒဏ်သင့် ရခိုင်ပြည်သူ/သားများ လက်ဝယ်သို့ ဆက်လက်အကျိုးဆောင် လွဲပို့ပေးမည်ဖြစ်သော ရခိုင်ဆရာတော် ဦးဝိသာရဒ (ရမ်းဗြဲ)နှင့် ဆရာတော် ဦးဝဏ္ဏသာမိ (ရမ်းဗြဲ) တို့အား လွဲအပ်လှူဒါန်းလိုက်သည်။
          ညီတော်နောင်တော် သံဃာတော်၊ ဆရာလေးများ၊ အခြားသော အဝေးရောက် ကုသိုလ်ရှင်။. ဒါနရှင်၊ ပါရမီရှင်အပေါင်းတို့အား အရှင်တို့အကျိုးတော်ဆောင်အဖွဲ့မှ ရခိုင်ပြည်သူ/သားတို့ကိုယ်စား လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ရှိပါကြောင်းနှင့် သာဓုခေါ်ဆိုကာ၊ ဆုတောင်းမေတ္တာ ပို့သလိုက် ပါကြောင့် အမေ့မေတ္တာအရှင်မှ ဖွင့်ဟလိုက်ပါသည်။
    ကုသိုလ်ရှင်အပေါင်းတို့နှင့်အတူ အရှင်တို့အကျိုးတော်ဆောင် အဖွဲ့သည်လည်း ဖော်မပြ နိုင်သော ပျော်ရွှင်ခြင်းပီတိများစွာဖြင့် တကယ်ကို ၀မ်းမြောက် ၀မ်းသားဖြစ်ရပါကြောင်း ပြောကြား လိုပါသည်။ ကုသိုလ်ရှင်အပေါင်းတို့သည် တကယ်လုပ်သင့် လုပ်ထိုက်သော၊ အမှန်တကယ်လိုအပ် နေသော ကွက်လပ်ကို တတ်စွမ်းသမျှ ဖြည့်ဆည်းပေးခဲ့နိုင်ပြီ ဖြစ်ပါသည်။ အရှင်တို့တတ်နိုင်သော ထောက်ပံ့ခြင်း၊ ကူညီခြင်း၊ အားပေးနှစ်သိမ့်ခြင်းများစွာကို ရခိုင်ပြည်သူ/သားတို့အား ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရခိုင်ပြည်သူတို့အား တကယ်ချစ်ခင်မှုရှိကြောင်း၊ စာနာမှုရှိကြောင်း၊ ရခိုင်ပြည်သူ/ သားတို့နှင့်အတူ ထပ်တူ ခံစားခဲ့ရပါကြောင်းကို ရင်ဖြင့် ဖော်ကျူးနိုင်ခဲ့ပြီ ဖြစ်သည်ဟု ခံယူမိပါသည်။
        ကုသိုလ်ရှင်အပေါင်းတို့၏ ထောက်ပံ့မှုဒါနကို အကြောင်းပြုကာ ရခိုင်ပြည်သူ/သားတို့အား အန္တရာယ်ဟူသမျှကင်းပနိုင်ကြပါစေ၊ ဘေးဟူသမျှ မခကြပါစေ၊ အကြမ်းဖက်ဒဏ်များမှ ယခုရော နောင်ပါ လွတ်ကင်းနိုင်ကြပါစေ၊ မြန်မာနိုင်ငံတော်အစိုးရ၏ နွေးထွေးသော ကြိုတင်ကာ ကွယ်ပေးမှုများကို ရရှိနိုင်ကြပါစေ၊ သာယာလှပသော မိသားစု ဘ၀လေးများကို ပြန်လည် ရရှိနိုင် ပါစေ၊ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်နိုင်ပါစေ၊ ပစ္စုပ္ပန်ဘ၀ခရီး သာယာဖြောင့်ဖြူးပြီး အနာဂတ်သံသရာခရီးမှ မြန်မြန်လွတ်ကင်းနိုင်ပါစေလို့….အမေ့မေတ္တာ ရင်တွင်းမှ ဆန္ဒပြုလိုက် ပါသည်။
                ကုသိုလ်ရှင်အပေါင်း၊ အကျိုးတော်ဆောင်အဖွဲ့များနှင့်အတူ ရခိုင်ပြည်သူ/သားများ အားလုံး… .ဝေနေယျသတ္တ၀ါအားလုံး တက်သစ်စနေ၀န်း၊ ထွန်းသစ်လမင်း၊ ပွင့်သည့်ပန်းနှယ်သို့ ရွှင်လန်းချမ်း မြေ့နိုင်ကြပါစေလို့……….အမေ့မေတ္တာအရှင်။
အလှူငွေများ လွဲပြောင်းပေးအပ်ခြင်း။
မန်းနာယကဆရာတော်နှင့် သံဃာများ အလှူငွေများ စစ်ဆေးနေပုံ။
အကျိုးတော်ဆောင်ဆရာတော်များ။
No comments:
Post a Comment
Blogger Widgets