Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Saturday, 16 June 2012

စစ်တွေမြို့ပေါ်တွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၁၄၉၅၀ ဦး ဒုက္ခသည်စခန်း (၆၇)ခု ရှိကြောင်း သိရှိရ

ရခိုင်တိုင်းရင်းသားများတိုးတက်
ရေးပါတီ(RNDP)မှ ထုတ်ပြန်ချက်အရ စစ်တွေမြို့ပေါ်တွင် ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၁၄၉၅၀ ဦး ဒုက္ခသည်စခန်း (၆၇)ခု ရှိကြောင်း သိရှိရပါသည်။

စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းအချို့တွင် ၀မ်းပျက်၊ ၀မ်းလျော ဖြစ်ပွားမှုအချို့ရှိနေကြောင်း သိရပြီး၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် ၁၈ ဦးနှင့် ဦးရဲကျော်သူကျောင်း ကယ်ဆယ်ရေးစခန်းတွင် ၉ ဦး ရှိကြောင်း စစ်တွေမြို့ရှိ Eleven Media Group သတင်းထောက်မှ ယနေ့(ဇွန်လ ၁၆ ရက်)မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် သတင်းပေးပို့ပါသည်။

မောင်တောမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ မောင်တောခရိုင် အမျိုးသား ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်းမှ ဆန်အိတ် ၁၈၇ အိတ်၊ ပဲ ၉ အိတ်၊ ဆီ ၆၀ ပိဿာ၊ ငရုတ် ၂၀ ပိဿာ၊ ငပိ ၁၅ ပိဿာ၊ ကြာဆံ ၅ ပိဿာ၊ အ၀တ်အထည် အထုတ် ၄၀၊ ပစ္စည်းတန်ဖိုး စုစုပေါင်း သိန်း (၇၀)ခန့် လှုဒါန်းခဲ့ကြောင်း မောင်တောမြို့ရှိ Eleven Media Group သတင်းထောက်မှ သတင်းပေးပို့ပါသည်။ လှုဒါန်းလိုသူများအနေဖြင့် မောင်တောခရိုင် အမျိုးသား ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း ၊ ဖုန်းနံပါတ် ၀၉၄၉၃၂၅၆၅၈ , ၀၉၈၅၀၀၃၁၆, ၀၉၄၉၆၅၈၂၂၇ သို့ ဆက်သွယ်လှုဒါန်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

 
Blogger Widgets