EMG
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ  အော်စလိုမြို့တွင် ဇွန်လ ၁၈ ရက်နေ့က ကျင်းပခဲ့သည့် အော်စလို ငြိမ်းချမ်းရေး  ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခုကိုလည်း  ကျင်းပခဲ့သည်။
 
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သတင်းထောက်များ၏  မေးခွန်းများကို ဖြေကြားရာတွင် ရိုဟင်ဂျာများအနေဖြင့်  မြန်မာနိုင်ငံသားများ ဖြစ်လာဖွယ် ရှိ၊ မရှိ ဆိုသည့်မေးခွန်းကိုလည်း  ဖြေကြားခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး  နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ''ရှင်ပြောတဲ့ ရိုဟင်ဂျာဆိုတာ ကျမ  မသိဘူး။ ဘယ်သူ ဘယ်ဝါဆိုတာကို ရှင်ပြောသလဲဆိုတာ ကျမတို့ သေသေချာချာ မသိဘူး။  ကျမပြောခဲ့သလိုပဲ ဘယ်သူ့ကို ရည်ညွှန်းပြောဆိုသလဲဆိုတဲ့ ပြဿနာ ရှိနေတယ်။  ရိုဟင်ဂျာဆိုတာဟာ မြန်မာနိုင်ငံက မဟုတ်ဘူး။ သူတို့ဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မကြာသေးခင်ကမှ ရောက်လာသူတွေလို့ တချို့က  ပြောဆိုကြတယ်။ ဒါပေမယ့်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့နိုင်ငံသားတွေ  မဟုတ်ဘူးလို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ သူတို့ကို ဒုက္ခသည်အနေနဲ့  မလိုချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက  မဟုတ်ဘူး။ မြန်မာနိုင်ငံကနေ လာတယ်ဆိုပြီး။ အဲဒီတော့ ကျွန်မတို့ ဒါကို  ဘယ်လို ဖြေရှင်းကြမလဲ။ တရားဥပဒေ စိုးမိုးမှု မရှိဘဲ၊ မှန်ကန်တဲ့ လူဝင်မှု  ကြီးကြပ်ရေး လုပ်ငန်းစဉ် မရှိဘဲ၊ မှန်ကန်တဲ့ မူဝါဒမရှိဘဲ၊ မှန်ကန်တဲ့  တရားဥပဒေ အကောင်အထည်ဖော်မှု မရှိဘဲနဲ့။ ဒါကြောင့် ဒီပြဿနာရဲ့  အခြေခံအကြောင်းရင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တဲ့  တရားဥပဒေ စိုးမိုးမှုပြဿနာပဲ။ လွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်က ကျူးလွန်ခဲ့တဲ့  ရာဇ၀တ်မှုကြောင့်တော့ မဟုတ်ဘူး''ဟု ပြန်လည်ဖြေကြားခဲ့သည်။
 
No comments:
Post a Comment