Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 24 June 2012

သို့ ရဲရင့်သစ္စာ၊ မတရား အသတ်ဖြတ် ခံနေရတာကို ငြိမ်နေရမတဲ့လား

by James Mmt on Saturday, 23 June 2012 at 13:52 ·
ရဲရင့်သစ္စာ ရေးထားတဲ့ စာကို ဖတ်မိပြီး ပြန်ရေးထားတဲ့ မှတ်ချက်ပါ..... ရှည်သွားတဲ့အတွက် နုတ်စ်ထုတ်လိုက်တာပါ.....


ရဲရင့်သစ္စာ ညွှန်းဆိုတဲ့အထဲက မွတ်စလင်တွေ ဆန္ဒပြနေတဲ့ပုံတွေ၊ ကလေးငယ် ခါးမှာ ဗုံးပတ်ထားတာတွေဟာ မတရားဖိနှိပ်ခံရလို့ ထွက်ပေါ်လာတဲ့ ပုံရိပ်တွေလား.... ဒါဆိုရင် ဒီလို တုံ့ပြန်တာကို တရားတယ်လို့ ဆိုလိုချင်တာလား.... ကလေးသူငယ်တွေကို ဗန်းပြ၊ ခုတုံးလုပ် အသုံးချတာလောက် လူ့ကျင့်ဝတ်မှာ ယုတ်ညံ့တာ မရှိဘူးဆိုတာ နားမလည်နိုင်တာ အံ့သြမိတယ်ဗျာ.......


ကလေးသူငယ်တွေကို အသေခံဗုံးခွဲရန် ဗုံးတပ်ဆင်ပေးနေစဉ်....

အမေရိကန်တွေ ကျူးကျော်လို့ အီရတ်တို့ အာဖဂန်တို့က အပြစ်မဲ့တဲ့ ကလေးသူငယ်တွေ အသက်ဆုံးရှုံးရတယ် ရေးပီး အခုလို ကလေးသူငယ်တွေ အသေခံ ဗုံးခွဲဖို့ လုပ်နေတာ၊ ဗုံးခွဲဖို့ ခိုင်းစေတာကို အပြစ်မမြင်တာ အတော့်ကို ထူးဆန်းတဲ့ အတွေးအခေါ် တစ်ခုပါပဲ.....


မူလာအိုမာနဲ့ တာလီဘန်တို့ လက်ချက်ဖြင့် အဖျက်ဆီးခံရသည့် ဒဏ်မှ အနည်းငယ် ကင်းလွတ်ခွင့် ရခဲ့သည့် ဗုဒ္ဓ ရုပ်ပွားတော် တစ်ဆူ...

ရဲရင့်သစ္စာဟာ မူလာအိုမာ၊ တာလီဘန်တို့ထက် ပိုပြီး ယုတ်ညံ့ အောက်တန်းကျတယ် ဆိုပီး အွန်လိုင်းက ဆဲရေးသူတွေ၊ တောင်ကုတ်က လူသတ်မှုတွေကို ဖော်ထုတ်ရေးသားတယ်.... ဗလီဝတ်ကျောင်းတွေ၊ ခရစ်ယာန် ကျောင်းတွေကို ဖျက်ဆီးတဲ့လူတွေ ဆိုပီး ဖော်ပြတယ်...... တနည်းအားဖြင့် မူလာအိုမာတို့ လုပ်ရပ်ဟာ အဲ့ဒိလူတွေလောက် မဆိုးဝါးဘူးလို့ ရေးသားလာတယ်..... ဒါဆိုရင် ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်တွေကို ဗုံးခွဲတဲ့လုပ်ရပ်ကို သွယ်ဝိုက်ကာဗာပေးခြင်း တစ်မျိုးပဲ.......


မူလာအိုမာနှင့် တာလီဘန်တို့ လက်ချက်ဖြင့် အဖျက်ဆီးခံရသည့် ဗုဒ္ဓရုပ်ပွားတော်များ.....

ထို့အတူပဲ အခုလက်ရှိ ဘူးသီးတောင်၊ မောင်းတောနဲ့ စစ်တွေ တ၀ိုက်မှာ ဖြစ်ပျက်သွားတဲ့ အဆုံးစွန် ယုတ်မာတဲ့ လူသတ်မှုတွေ၊ ကိုယ့်အသက်သခင် ဆရာဝန်၊ ကျောင်းဆရာပါမချန် ရက်ရက်စက်စက် သတ်သွားတဲ့သူတွေကို ထည့်သွင်းမပြောကြားဘူး..... ထို့အတူပဲ လူကိုသတ်ပီး ပြန်မပေးချင်လို့  အလောင်းကို ခုတ်ထစ်လို့ သိမ်းဆည်းထားတဲ့ ယုတ်မာတဲ့လူတွေကို ပြစ်တင် ရှုံ့ချခြင်း မရှိခဲ့ဘူး..... ထို့အတူပဲ စစ်တွေမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘုရားကျောင်းကို မီးမြှိုက်သွားတာကို ဝေဖန်ခြင်း အလျင်းမရှိဘူး....


ဘင်္ဂါလီတို့ မီးတင်ရှို့သွားသဖြင့် လောင်ကြွမ်းနေသော ဟိန္ဒူ ဘုရားရှိခိုးကျောင်းတစ်ခု....

ရဲရင့်သစ္စာဟာ World Trade Center ကို စီစဉ်ခဲ့တဲ့ Khalid Sheikh Mohammed ကို အမေရိကန်တွေက ကြမ်းကြမ်းတန်းတန်း စစ်ဆေးတာကို ဝေဖန်သွားတယ်..... ဒါပေမယ့် ခါလစ်ရှိတ်ရဲ့ လုပ်ရပ်ကို ဝေဖန်ခြင်း မပြုတာ စဉ်းစားစရာ တစ်ခုပဲ....... ခါလစ်ရှိတ်ရဲ့ နောင်တစကားကို ဖော်ပြတယ်...... အစ္စလာမ်ဘာသာဟာ လူသတ်ဝါဒ မဟုတ်ဘူးဆိုတာ ထည့်သွင်းရေးသားတယ်...... ဘယ်အရာမဆို ဟိုဘက် ဒီဘက် နှစ်ဘက် မျှတွေးရတယ်...... အခုလက်ရှိ ရခိုင်မှာ ဖြစ်သွားတဲ့ကိစ္စတွေမှာ ဘယ်သူတွေ သွေးထိုးလို့ ဘယ်သူတွေ လုပ်တယ် ကိုယ်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား မြင်လာရတယ်....


ဘင်္ဂလားဒေ့ရှ်ကိုယ်တိုင် သူ့နိုင်ငံတွင်းက အကြမ်းဖက် ခေါင်းဆောင်တွေကို ဖမ်းဆီး အရေးယူနေပီး အဲ့ဒိအကြမ်းဖက် ခေါင်းဆောင်တွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ဆက်စပ်မှုကို ဖော်ထုတ်ပြလာတယ်.... အခုလက်ရှိ ရခိုင်အရေးအခင်းမှာ သူတို့ နောက်ကွယ်ကနေ စီစဉ်နေတာကို သက်သေပြလာတယ်... ဒါကိုလည်း မျက်ကွယ်ပြုထားတယ် အပြစ်တင်ဖို့ကို ဇောင်းပေးလာတယ်.... ဘင်္ဂါလီ ရိုဟင်ဂျာတွေ ရခိုင်ရွာတွေကို မီးပုံရှို့လို့ အကုန်မီးလောင်ကုန်ပြီး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်လေးတွေ အသက်ဆုံးရှုံးရတာကို မျက်ကွယ်ပြုတယ်.... ခင်ဗျားရေးတဲ့ အမှန်တရားဆိုတာ တစ်ဖက်သတ်လိုက်နေတဲ့ အမှန်တရားပဲဗျ.....


စစ်တွေအနီး ရခိုင်ရွာ တစ်ရွာအား ဘင်္ဂါလီတို့ မီးပုံရှို့ထားစဉ်

အခုလက်ရှိမှာ စစ်တပ်ကလည်း ဒေသခံ ရခိုင်တွေထက် ဘင်္ဂါလီတွေကို လိုအပ်တဲ့ ကွတ်ကဲမှု မလုပ်လို့ ရသေ့တောင်လို အစုလိုက် အပြုံလိုက် လူမဆန်စွာသတ်၊ အလောင်းကို ခုတ်ထစ်ဖြတ်ပိုင်း ခံရတဲ့ ကိစ္စတွေ ထပ်ဖြစ်လာရတယ်..... ဒါတွေကို အွန်လိုင်းမှာ မကျေနပ်လို့ ရေးနေတဲ့လူတွေက အပြစ်ဖြစ်နေတယ် တကယ့်အပြင်မှာ အစ္စလာမ် ဘာသာဝင်ကလွဲပြီး ကျန်တဲ့ဘာသာဝင်တွေကို Genocide လုပ်နေတဲ့ လူတွေကို မျက်ကွယ်ပြုနေတယ်......


အခုဟာက တကယ် အသတ်ခံနေရတာကို မကျေနပ်လို့ ပြောတဲ့သူတွေကို ပါးစပ်ပိတ်ခိုင်းတာ မတရားမှုကို ဖုန်းကွယ်ခိုင်းတာနဲ့ အတူတူပဲ..... မတရားမှုကို မကျေနပ်လို့ ပြောဆိုသူတွေကို သွေးဆူအောင် ဆွသူတွေလို့ ပြောဆိုပီး တကယ်လုပ်နေသူတွေရဲ့ လုပ်ရပ်ဟာ အကြောင်းကြောင့် အကျိုးဖြစ်လာတယ် ဆိုတဲ့ ပုံစံမျိုး ပုံဖော်လာတာ ခင်ဗျားတို့ စွတ်စွဲနေတဲ့ အွန်လိုင်းကနေ သွေးဆူအောင် လုပ်နေတာနဲ့ အတူတူပဲ..... တကယ်တန်း အခုအချိန်မှာ ဖြောင်းဖျရမှာ အဲ့ဒိ လူစိတ်မရှိသူတွေကို အစ္စလာမ်ဘာသာကို အလွဲသုံးစားမလုပ်ဖို့ ခင်ဗျားတို့ ဖြောင်းဖျဖို့ လိုတယ်ဗျ...... လမ်းကြောင်းမှားပီး ခံရတဲ့လူတွေကို ငြိမ်ပီး ဆက်ခံဖို့ ပြောတာဟာ မီးပွှားကို တောက်လောင်သထက် တောက်လောင်စေတာကို သတိချပ်မိပါစေ......


မှတ်ချက် ။        ။ ရဲရင့်သစ္စာ သိအောင် ပြောလိုက်ပါဦးမယ်.... ရဟန်းတွေ သူတို့ကိုယ် သူတို့ သတ်သေရခြင်းဟာ အနိစ္စသဘောကို အလုံးစုံ သိမြင်ပီးတော့ ခန္ဓာကြီးရဲ့ ဆက်ဆုပ်ဖွယ်ရာတွေကို ရှုမြင် သုံးသတ်နိုင်ပီး သံသရာချုပ်ငြိမ်းနိုင်တဲ့ တရားကိုလက်ကိုင် ပြုမိတဲ့အတွက် သံသရာ ဆက်မရှည်စေချင်လို့ ဘ၀ကို နိဂုံးကမ္ပတ် အဆုံးသတ်ကြတာ.... ဂေါတမဘုရားက အကျိုးမရှိတာကို သိတော်မူလို့ ပညတ်ချက်ထုတ်ပီး တားခဲ့တာဗျ..... အသိလေးတစ်ခုကို သေခြာမသိပဲ ဘာသာရေးမှာ ရောထွေး ရေးရင် အန္တရာယ်များတယ် ဆိုတာလေး သတိချပ်စေချင်တယ်..... နောက်တစ်ချက်က ဘာသာရေးနဲ့ ဆုံးမမယ်ဆိုရင် ကိုယ်ကိုးကွယ်တဲ့ ဘာသာတူသူတွေကို အရင်ဆုံး ငြိမ်းချမ်းရေး တရားဟောပါလို့ အကြံပေးလိုက်ပါရစေ.......

No comments:

Post a Comment

 
Blogger Widgets