skip to main |
skip to sidebar
``မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့် မြန်မာနိုင်ငံ´´
Zaw Hlaing Tun's Facebook
ပို့စ်တင်ပြသူ၏ မှတ်ချက်။ ။ ဘင်္ဂလီကုလားများ၏ ရခိုင်ပြည်တွင် နေရာယူရန် စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့ပုံများကို သိရှိစေဖို့ ရည်ရွယ်ပြီး ယခုဖြစ်ပွါး ခဲ့သော ဖြစ်ရပ်များမှ သင်ခန်းစာယူနိုင်ကြစေပြီး ရခိုင်လူမျိုးများအားလုံး ရခိုင်ဒေသတွင်းတွင် အမျိုးသားကာကွယ်ရေးတပ် (သို့) အမျိုးလုံးခြုံရေးစည်း အဖွဲ့တစ်ခုခုကို ညီညီညွတ်ညွတ်ဖွဲ့စည်းနိုင်ကြစေရန်နှင့် ရခိုင်ပြည်အတွက် တိုက်ပွဲဝင်နေကြသော ပြည်ပအခြေစိုက ရခိုင်မျိုးချစ် လက်နက်ကိုင် အဖွဲ့ အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစည်း တိုက်ပွဲဝင်နိုင်ကြရန်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ
ယဉ်ကျေးမှုဝန်ကြီးဌာန
သမိုင်းသုတေသနဦးစီးဌာန
``မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့် မြန်မာနိုင်ငံ´´
သုတေသန စာတမ်းဖတ်ပွဲ
``ရခိုင်ဒေသအတွင်းသို့ မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေး လှုပ်ရှားမှု အဆင့်ဆင့်``
ဦးမြင့်သိန်း ( ညွန်ကြားရေးမှူး ၊ သမိုင်းသုတေသနဦးစီးဌာန)၊ ၂၁ မတ် ၂၀၀၉ ခုနှစ်
စာမျက်နှာ ၁၂ ၊ ၁၃၊ ၁၄ တို့မှ ကောက်နုတ်ချက်အချို့ကို ရခိုင်လူမျိုးများနှင့် ညီနောင်သွေးချင်းတိုင်းရင်းသားများ ဗဟုသုတ အဖြစ်သိရှိစေ ဖို့ဖော်ပြလိုက် ပါသည်။
လွတ်လပ်ရေးရပြီးနောက် ရခိုင်ပြည်ရှိ မွတ်ဆလင်တို့အခြေအနေ
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ရာ နိုင်ငံတော်အား ဖဆပလ အစိုးရက အုပ်ချုပ်ခဲ့သည်။ ရခိုင်တွင် ရတည အဖွဲ့က ရခိုင်ပြည်နယ်ရရှိရေးကို အကြောင်းပြု၍ စည်းရုံးလှုပ်ရှားနေသည်။ လွတ်လပ်ရေးမရမီကပင် ဖွဲ့စည်းခဲ့သော မူဂျာဟစ်အဖွဲ့သည် လွတ်လပ်ရေးရပြီးနောက် အင်အားတောင့်တင်းလာခဲ့သည် ၁၉၄၈ စက်တင်ဘာ ၃၀ ရက်နေ့တွင် ဘူးသီးတောင်နှင့် ၃ မိုင်ခန့်ကွာသည့် ဆင်အိုးပြင်ရွာတွင် မူဂျာဟစ်တို့ စတင်စခန်းချခဲ့ပြီး ``ပါကစ္စတန် ဂျီနာဗတ် (ပါကစ္စတန် အဓွန့်ရှည်ပါစေ) ဟူသော ကြွေး ကြော်သံကို ကုလားလို မပြတ်ကြွေးကြော်ခဲ့ကြသည်။
၁၉၄၈ တွင် မွတ်ဆင်လွတ်မြောက်ရေးအဖွဲ့ညီလာခံကို မောင်တောမြို့နယ်၊ ဂရင်ဗျင်ရွာတွင် ကျင်းပရာ အဖွဲ့အမည်ကို မူဂျာဟစ် ပါတီဟု တရားဝင်ပြောင်းလဲ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ အဖွဲ့၏ စစ်ရေးခေါင်းဆောင်မှာ Jaffar Kawal ဖြစ်ပြီး လက်ထောက်မှာ ဟူစိန်ဖြစ် သည်။
၎င်းတို့၏ တောင်းဆိုချက်ထဲတွင် -
- ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နတ်မြစ် အရှေ့ဘက်ကမ်းကြားဒေသကို မွတ်ဆလင်တို့၏ National Home အဖြစ် သတ်မှတ်ပေးရန်
- ရခိုင်ရှိ မွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပေးရန် စသည့်အချက်များ ပါဝင်သည်။
များမကြာမီ မူဂျာဟစ်အဖွဲ့တွင် ကာဆင်ဆိုသူမှာ နာမည်ကြီးလာခဲ့သည်။
ကာဆင်သည် မောင်တောမြို့နယ်၊ တောင်ပိုင်း သင်္ဘောကွေ့
ရွာနေ ဦးအက္ကဘာဝုဒိန်နှင့် ဒေါ်နုရူတို့မှ ၁၉၁၉ ခုနှစ်လောက်တွင် မွေးဖွါးပြီး သားချင်း ၄ ဦး ရှိသည်။ မူဂျာဟစ်ပါတီထဲ မ၀င်ရောက်မီက ဖက်လိပ်ရွာနေ ဦးကျော်မြနှင့် ဦးဂမ်းချေ တို့ထံတွင် သူရင်းငှား အဖြစ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ပင်လယ်ဓါးပြမှုဖြင့် ထောင်ကျခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်လာရာနေရပ်သို့ မပြန်ပဲ ဦးစိန္တာ၏ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီတွင် တပ်သားအဖြစ် ၀င်ရောက်ခဲ့သည်။ ဦးပညာသီဟထံတွင်လည်း တပည့်ခံခဲ့သည်ဟု သိရသည်။ ဦးစိန္တာထံမှ လက်နက်သုံးလက် ခိုးယူကာ ဘူးသီးတောင်၊ မောင်တောနယ်သို့ ပြန်လာပြီး Jaffar Kawal ထံသို့ ၀င်ရောက်ကာ မူဂျာဟစ်ပါတီတွင် လှုပ်ရှားခဲ့သည်။ ၎င်းးပူး ပေါင်းခဲ့သော အဖွဲ့ခေါင်းဆောင်များကို ဖြိုခွင်းကာ အင်အားကောင်းလာခဲ့သည်။
၁၉၅၁ ခုနှစ် ဇွန်လတွင် မောင်တောမြို့နယ်၊ အလယ်သံကျော်ရွာ မူလတန်းကျောင်း (ယခု တွဲဘက်အထက်တန်းကျောင်း) (အချို့ က ဗလီရှေ့တွင်ကျင်းပခြင်း ဖြစ်သည်ဟုဆိုသည်) ၌ အရပ်ရပ်ကိုယ်စာစလှယ်များပါဝင်သော မွတ်ဆလင်ညီလာခံကို ကျင်းပခဲ့သည်။ ထိုညီလာခံသို့ ပါလီမန်အမတ်များဖြစ်သော စူလတန်မာမွတ်၊ ဦးဖိုးခိုင်(မွတ်ဆလင်)၊ ဒေါ်မြညွန့်တို့ တက်ရောက်ကြသည်ဟု ဆိုသည်။ ပါလီမန်အမတ်များအနေဖြင့် အာဏာရယူထားခြင်းနှင့်အတူ ဘာသာရေးလမ်းညွန်ချက်ဖြင့် ဆောင်ရွက်နေခြင်းကိုလည်း ထင်ရှားစေခဲ့သည်။ ၎င်း အစည်းအဝေးကတောင်းဆိုချက် ၁၄ ချက်ကို အင်္ဂလိပ်ဘာသာဖြင့် အစိုးရသို့ အိတ်ဖွင့်ပေးစာ အဖြစ် ရေးသားတင်ပြခဲ့သည်။ ၎င်းစာ၏ အဖွင့်တွင် ``အမျိုးပြုတ်အောင် သတ်ဖြတ်ခြင်းကို ရပ်တန့်လော၊ ရခိုင်တိုင်းတွင် မွတ်ဆလင်များသာလျှင် ကွန်မြူနစ်ဝါဒနှင့် ဒီမိုကရေစီ လွန်ဆွဲပွဲကြီးတွင် ကြံ့ကြံ့ခံနေသူများဖြစ်သည်။ ဖွဲ့စည်းပုံဥပဒေအရ ရခိုင်မွတ်ဆလင်များ၏ တောင်းဆိုချက်များ´´ဟု ရေးသားထားသည်။ ၎င်းတို့၏ တောင်းဆိုသည့် အချက်များတွင်---
- ရခိုင်မြောက်ပိုင်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းတောင်တန်းများ၊ ကချင်ဒေသများနည်းတူ လွတ်လပ်သော မွတ်ဆလင်ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်၊
ယင်းပြည်နယ်တွင် ပြည်ထောင်စုအစိုးရကွပ်ကဲမှုဖြင့် ပြည်နယ်စစ်တပ်၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် လုံခြုံရေးအဖွဲ့များ ထားရှိရန်။
- စစ်တွေမြို့ကို ရခိုင်ပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းမြို့တော်ဟု သတ်မှတ်ကာ မြို့နှင့်ဆိပ်ကမ်းကွပ်ကဲမှုကို ရခိုင်နှင့်မွတ်ဆလင် ၅၀ ရာခိုင်နှုန်းစီ စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ပြုရန်နှင့် ပထမဆုံးမြို့တော်ဝန်နှင့် တိုင်းမင်းကြီးကို မွတ်ဆလင်လူမျိုးခန့်ထားရန်။
- လက်နက်ကိုင်တပ်ဖွဲ့စည်းပေးရန်၊ ထိုတပ်ဖွဲ့တွင် မွတ်ဆလင် ၅၀ ရာခိုင်နှုန်းပါဝင်ရန်။
- ဗဟိုအစိုးရအဖွဲ့တွင်မူ ၀န်ကြီးခန့်ထားရန်။
- တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားပြည်နယ်နှင့်တိုင်းများနည်းတူ ကိုယ်စားလှယ် အညီအမျှစေလွှတ်ခွင့်ရရန်။
- မွတ်ဆလင်ကောင်စီထားရှိခွင့်ပြုရန်။
- အစ္စလာမ်အထက်တန်းကျောင်းများနှင့် ကောလိပ်ကျောင်းများ တည်ထောင်ခွင့်ပြုရန်။
စသည့် အချက်များပါရှိသည်။ ရခိုင်မြောက်ပိုင်းကို တောင်းဆိုရာတွင် စစ်တွေကိုပါ ထည့်သွင်းတောင်းဆိုခဲ့သည်ဟု တွေ့ရှိရသည်။ ထိုညီလာခံ၏ လမ်းညွန်ချက်များသည် ယနေ့ထက်တိုင် ဘင်္ဂါလီမွတ်ဆလင်များ၏ နိုင်ငံရေးလမ်းကြောင်း ပင်မရည်မှန်းချက်ပင်ဖြစ်သည်။
မူဂျာဟစ်ပါတီမှ ရော်ရှိန်းခေါင်းဆောင်သော အဖွဲ့က မြို့နယ် ဖဆလဥက္ကဋ္ဌ ဦးစံထွန်းအောင်မှ တဆင့် ၀န်ကြီါ်ချုပ်ထံတင်သွင်းရန် တောင်းဆိုချက်ပါစာတမ်းတစ်စောင် ပေးပို့လာသည်။ ထိုတောင်းဆိုချက်များတွင်--
- ရခိုင်ဒေသအတွင်းရှိ မွတ်ဆလင်များအားလုံးကို နိုင်ငံတော်အတွင်းရှိ ရခိုင်မွတ်ဆလင်များ အဖြစ်လက်ခံရန်။
- မူဂျာဟစ်များကို အမြဲတမ်းတပ်မတော်တွင် ရခိုင်မွတ်ဆလင် သေနတ်ကိုင်တပ်အဖြစ် သီးခြားထားပေးရန်။
- အစိုးရဌာနတိုင်းတွင် မွတ်ဆလင်များအား အရည်အချင်းအလိုက် ၀င်ခွင့်ပြုရန်။
- ဗြိတိသျှအစိုးရကဲ့သို့ မွတ်ဆလင်များအား နာမာလ် (ဘုရားဝတ်ပြုခွင့်)၊ ရူဂျာ (ဥပုသ်ပြုခွင့်)၊ ဟာခ်ျ်၊ဖိုခတ်(ဘူခါ)(အမျိုးသမီးများ ၀တ်ရုံဝတ်ခွင့်နှင့် ၀တ်ရုံ၏မျက်နှာဖုံးကို လှန်ကြည့်ခွင့်မရှိရန်) များ လွတ်လပ်ခွင့်ဲပြုရန်။
- မွတ်ဆလင်ကလေးများ ပညာသင်ကျောင်းတိုင်းတွင် အာရ်ဘီဘာသာကို အမြဲတမ်းဘာသာတစ်ခု အဖြစ် မြန်မာစာနှင့် တန်းတူ သတ်မှတ်ပေးရန်။
- ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်များတွင် ဆေးရုံကြီးတရုံနှင့် ဆေးပေးခန်းများကို လိုအပ်သောနေရာများတွင် ဖွင့်လှစ်ပေး ရန်။
- ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ကောလိပ်ကျောင်းတစ်ကျောင်းနှင့် တန်းမြင့်ကျောင်း ၄ ကျောင်း ဖွင့်ခွင့်ပြုရန်။
- နိုင်ငံတော်ဝန်ကြီးချုပ်က ၎င်းတို့အဖွဲ့အား ရခိုင်ပြည်နယ် သူပုန်နှိမ်နင်းရေးအတွက် ကျည်ဆန်ထုတ်ပေးရန်တို့ ပါရှိလေသည်။
(နောက်ထပ်ဖော်ပြပါမည်)
No comments:
Post a Comment