Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 27 June 2012

ရိုဟင်ဂျာ၏ ဇစ်မြစ်

by Kyaw H. Aung on Wednesday, 27 June 2012 at 09:42 ·
မကြာလှသေးသော ကာလအတွင်းက ရိုဟင်ဂျာဆိုသောစကားလုံးကို ကြိမ်ဖန်များစွာ ကြားရခဲ့ပါ၏။ အချို့နိုင်ငံခြားသတင်းစာဆရာ ဆိုသူများက ၄င်းတို့ကို အသားပေးရေးသားနေကြသည်ကို တွေ့ရပါသည်။ သူတို့၏ ရေးသားချက်များတွင် ရခိုင်လူမျိုးနှင့် ရခိုင်ပြည်အကြောင်းမြှပ်ထားပြီး တခါမျှမြန်မာ့သမိုင်းတွင်ရော နိုင်ငံတကာသမိုင်းတွင်ပါ မကြားဖူး မတွေ့ဖူး မပါဖူးသော ရိုဟင်ဂျာဆိုသူများက မြောက်ဦးမင်းဆက်ကို တည်ထောင်ခဲ့ပါသည်၊ မြောက်ဦးမင်းဆက်မှ ဘုရင်များသည် မူဆလင်ဘာသာဝင်များဖြစ်ကြပြီး မြန်မာဘုရင်ဘိုးတော်ဘုရားက ၁၇၈၄ခုနစ်တွင် ရခိုင်ပြည်ကိုသိမ်းယူသောအခါ ၄င်းတို့ကိုမောင်းထုတ်လိုက်ပြီး ဗုဒ္ဓဘာသာဝင် မာဃ(ခေါ်) မဃ်(Magh) လူမျိုးများကို ၄င်းတို့၏ နေရာတွင် နေရာချထားပေးသည်၊ ယခုလက်ရှိ ရခိုင်ဆိုသူများမှာ ၄င်းမာဃလူမျိုးများနှင့် ဘိုးတော်ဘုရား၏ ဗမာစစ်သားများမှ ဆင်းသက်ပေါက်ဖွါးလာသော မျိုးမစစ်ကပြားများဖြစ်သည်၊ ယခုလက်ရှိ စစ်အစိုးရကလည်း ဘိုးတော်ဘုရားလုပ်ပုံအတိုင်း လိုက်လုပ်နေသည်၊ ထို့ကြောင့်ရိုဟင်ဂျာများ၏ဘ၀မှာ ပါလက်စတိုင်းလူမျိုးများ၏ ကံကြမ္မာကဲ့သို့ သနားစရာဖြစ်နေပါပြီံ စသည်ဖြင့်လက်ရဲဇက်ရဲ ရေးလာကြပါသည်။


ထိုသတင်းစာဆရာများ၏ အာဘော်သက်သက်ကိုသာ ဖတ်ရပြီး သူခိုးက လူလူဟစ်သည့် ဇာတ်လမ်းနှင့် သမိုင်းကြောင်းကိုမသိသော ကမ္ဘာ့စာဖတ်ပရိသတ်အချို့မှာ သူတို့ထောင်ချောက်၌ မိကုန်ကြပါတော့သည်။ မြန်မာပြည်ကို ပွဲလန့်တုန်းဖျာခင်းချင်သည့် သင်းတို့၏အကြံနှင့် ဇာတ်လမ်းအမှန်ကို သိသူအလွန်နည်းပါးကြောင်း ၀မ်းနည်းစွာသိခဲ့ရပါသည်။ ဇာတ်ကြောင်းမှန်ကို သိသူအနည်းငယ်နှင့် သမိုင်းသုတေသီတို့က ဖြစ်ရပ်အမှန်ကိုရှင်းပြကြသော်လည်း “ကျားကျားမီးယပ်” အလုပ်ခံကြရပါသည်။ ထို့ကြောင့် စာရေးသူသည် ၁၉၉၃ခုနစ် မေလအတွင်းက ဘာလင်မြို့တွင်ကျင်းပခဲ့သော မြန်မာ့ရေးရာစာတမ်းဖတ်ပွဲတွင် ထိုကိစ္စနှင့်ပတ်သက်ပြီး စာတမ်းတင်ခဲ့ပါသည်။ သုတေသီများကြားမှာဖြစ်၍ အောင်မြင်မှုရခဲ့ပါသည်။ ယခုလည်း “ရိုဟင်ဂျာ” အကြောင်းသုတေသန ပြုထားချက်များကို တင်ပြလိုပါသည်။


ရိုဟင်ဂျာဆိုသောအမည်ကို ၁၉၅၀ခုနှစ်များမတိုင်မီက မည်သူမျှမကြားဖူးပါ။ မည်သည့် စာအုပ်တွင်မျှလည်း မပါဖူးပါ။ ကိုလိုနီခေတ်က ရေးသားခဲ့သော စာအုပ်စာတမ်းများတွင်လည်း မတွေ့ရပါ။မောရစ်ကောလစ် အစရှိသည့် ရခိုင်သမိုင်းအကြောင်း စာအုပ်များစွာ ရေးသားခဲ့သည့် ပုဂ္ဂိုလ်ကြီးများ၏ စာအုပ်စာတမ်းများတွင်လည်း ၄င်းနာမည်နှင့် ဆင်တူယိုးမှားသော်မျှ မပါပါ။


မြန်မာပြည် လွတ်လပ်ရေးရခါစက ရောင်စုံသူပုန်တို့ပေါ်ပေါက်လာရာတွင် ရခိုင်ပြည်မြောက်ပိုင်းကို မြန်မာပြည်မှခွဲထုတ်ပြီး မူဆလင်နိုင်ငံလုပ်လိုသူ ခေါ်တောကုလားများ၏ “မူဂျာဟစ်” ဆိုသောသူပုန်အဖွဲ့ တဖွဲ့လည်းပါခဲ့ပါသည်။ ၄င်းကုလားအများစုမှာ မြန်မာနိုင်ငံတွင်းသို့ ခိုးဝင်လာသူ မူဆလင်တယူသန်များဖြစ်ကြပြီး ၄င်းတို့ကို “ကာဆင်”ဆိုသူက ခေါင်းဆောင်ပါသည်။ အချို့ မူဆလင်နိုင်ငံများက ၄င်းတို့ကိုကူညီကြပါသည်။ သို့ရာတွင် ၄င်း “မူဂျာဟစ်တို့မှာ ဗမာ့တပ်မတော် ခေါင်းဆောင်သော မြန်မာ့လက်နက်ကိုင်တပ်ပေါင်းစုတို့၏ တိုက်စစ်ကိုမခံနိုင်တော့ဘဲ လက်နက်ချကြရပါသည်။ သူတို့က ခေါ်တောကုလား ဘင်္ဂါလီကုလား စသောအခေါ်တို့ကို မကြိုက်၍ မိမိတို့ကိုယ်ကို မိမိတို့ဘာသာ “ရိုဟင်ဂျာ”ဟု အမည်သစ် ကင်ပွန်းတပ်ကြပါသည်။  မည်သည့်သမိုင်းတင်နာမည်မှမဟုတ်ပါ။ သို့ရာတွင် မြန်မာ့တိုင်းရင်းသားစာရင်း မထည့်မဖြစ်ထည့်ရစေရန် “ကုလားဖန်ထိုးထားသောဇာတ်လမ်း” အချို့ရှိနေပါသည်။ အများသိစေရန်ဖော်ပြလိုက်ရပါသည်။


ပါးစပ်ရာဇ၀င်လုပ်ထားသော ဇာတ်လမ်းအချို့ကိုဖော်ပြရသော် ပထမဇာတ်လမ်းကား မြန်မာစကား “ရွာဟောင်းကကျား”ရခိုင်သံ (Rwahaung ga Kyar) ကလာသည်ဟူ၏။ ယုတ္တိလုံးဝမရှိပါချေ။ အတင်းမြန်မာမှုပြုထားခြင်းဖြစ်ပါသည်။ ကြည့်မြင်တိုင်ကို (Come and Dine) ပုဇွန်တောင်ကို (Push him down) တို့မှ ဆင်းသက်ဖြစ်ပေါ်လာသည်ဆိုသော “မဟာပျင်ငြာယှိဂျီး” ၏ အ တွေးအခေါ်မျိုးသာ ဖြစ်ပါသည်။

ဒုတိယဇာတ်လမ်းမှာ တခါက မဂိုအင်ပါယာမှ ပသီမင်းသားတပါးသည် စစ်ရှုံးနောက်လိုက်နောက်ပါများနှင့်အတူ ရခိုင်ပြည်သို့ ထွက်ပြေးလာခဲ့ကြပြီး ရခိုင်ဘုရင်ထံတွင်ခိုလှုံနေခဲ့ကြရသည် ဟူသတတ်။ ၄င်းမင်းသား၏ အမေဟာ “မိဟာမက် ရာဟင်” ဖြစ်သဖြင့်
၎င်းတို့ မှဆင်းသက်လာသူများကို “ရာဟင်ကျ”၊ ၄င်းမှ ကာလရွေ့လျားလာသောကြောင့် “ရိုဟင်ဂျာ” ဖြစ်လာသည်ဟူသတည်း။၎င်းဇာတ်လမ်းမှာလည်း သမိုင်းကြောင်းနှင့်မကိုက်ညီ “လံကြုပ်”ဇာတ်လမ်းသာ ဖြစ်ပါသည်။


သမိုင်းကြောင်းအရသော်ကား ခရစ်သက္ကရာဇ် ၁၆၆၁ခုနှစ်တွင် မဂိုဧကရာဇ် သြရန်စစ်၏ ညီတော် ရှာရှူဂျာသည် နောင်တော်ကို ပုန်ကန်ရာတွင်မအောင်မြင်၍ ရခိုင်ပြည်၌ လာရောက်ခိုလှုံရသည်။ အစတွင် ရခိုင်ဘုရင် မြောက်ဦးရွှေနန်းတော်ရှင် စန္ဒသုဓမ္မက လက်ခံထားပါသည်။ သို့သော် ရခိုင်ဘုရင်က မဂိုမင်းသား၏ သမီးတော်ကို တော်ကောက်ရန် တောင်းဆိုရာတွင် ရှာရှူဂျာက မချေမငံငြင်းဆန်လိုက်သဖြင့် မဂိုအားလုံးမှာ သုတ်သင်သတ်ဖြတ်ခြင်း ခံရလေတော့၏။ ၄င်းရန်မီးပွားကြောင့် ရခိုင်ဘုရင်မှာမဂိုတို့နှင့် စစ်ဖြစ်ရပြီး ၁၆၆၆ခုနှစ်တွင် စစ်တကောင်းနယ်ကို လက်လွတ်လိုက်ရလေတော့သည်။ ထိုအခါမှစ၍ စစ်တကောင်းနယ်မှာ ကုလားပိုင်နယ်အဖြစ်သို့ လုံးဝကျရောက်သွားရပြီး ရခိုင်ပြည်မှာလည်း အင်အားဆုတ်ယုတ်လာတော့၏။ ဤသည်ကား ရခိုင်မင်းဆက်ပျက်သုဉ်းခြင်း အစတည်း။


၎င်းသမိုင်းကြောင်းပါကိစ္စကို ကမ္ဘာကျော် ဘင်္ဂါလီစာဆိုတော်ကြီး ရာဘင်ဒြာနတ်(သ်)တဂိုးက ပြုပြင်ဇာတ်လမ်းဆင်ပြီး ရခိုင်မိဘုရားအမည်ဖြင့်  ၀တ္တုရေးဖူးပါသည်။ ၄င်းဝတ္တုကို အင်္ဂလိပ်စာရေးဆရာ ဂျော့ကယ်လ်ရွန်က ပြဇာတ်အဖြစ် တင်ဆက်ဖူးပါသည်။ သံတွဲသား စာရေးဆရာ တက္ကသိုလ်နန္ဒမိတ် (ခေါ်) ဦးတင်အောင်ကလည်း ၄င်းပြဇာတ်ကို မြန်မာဘသာပြန်ဖူးပါသည်။ တဂိုး၏ဇာတ်လမ်းမှာ သမိုင်းပါ အချက်အလက်များနှင့် မကိုက်ညီကြောင်း အသတ်ခံရသည့် ဇာတ်သိမ်း မဟုတ်ဘဲ သူတို့နှစ်ဦး “ညားကြလေသတည်း” ဖြင့် ဇာတ်သိမ်း်ထားကြောင်း ဘာသာပြန်သူ တက္ကသိုလ်နန္ဒမိတ်က ထောက်ပြခဲ့ပါသည်။ အကျယ်ကို ငွေတာရီမဂ္ဂဇင်း အမှတ်(၁၁၉) ၁၉၇၀ခု မေလထုတ်တွင် ဖတ်ရှုနိုင်ပါသည်။ တက္ကသိုလ် နန္ဒမိတ်က ရခိုင်ဘုရင်၏အမည်ကို ငကုသဟု ဖော်ပြထားပါသည်။ အမှန်မာ စန္ဒသုဓမ္မ ဖြစ်ပါသည်။ငကုသလ နန်းစံနှစ်နှင့် ပသီမင်းသားရောက်ချိန် မကိုက်ညီပါ။ ငကုသလမှာ ရခိုင်ရာဇ၀င်၌ “မင်းဆိုးမင်းညစ်”အဖြစ် ဖော်ပြလေ့ရှိသဖြင့် ဤသို့မှားသွားဟန်တူပါသည်။ မည်သို့ပင်ဆိုစေ ၄င်းဇာတ်လမ်းမှာလည်း “ရိုဟင်ဂျာ”နှင့် မည်သို့မျှ မသက်ဆိုင်ပါ။ ပထမ အချက်မှာ မင်းသား၏အမည်မှာ “ရှာရှူဂျာ” ဖြစ်ပြီး “ရာဟင်”မဟုတ်ကြောင်း သမိုင်းတွင် အထင်အရှားပါပါသည်။ ဒုတိယအချက်မှာ ၄င်းတို့အားလုံး ရခိုင်ဘုရင်၏ သုတ်သင်ခြင်းခံလိုက်ရသဖြင့် မျိုးဆက်အစွယ်အပွါး မကျန်နိုင်တော့ပါ၊ အကြောင်းအမျိုးမျိုးကြောင့် အဆက်အနွယ် အချို့ ကျန်ခဲ့ပါလျှင်လည်း အသားဖြူသော မဂိုများသာ ဖြစ်ရပါမည်။ယခုကဲ့သို့ ဘင်္ဂါလီ စစ်တကောင်းစကားပြောသူများတော့ မဖြစ်နိင်ပါ။ ထို့ကြောင့် ဒုတိယဇာတ်လမ်းမှာ သမိုင်းကြောင်းမှ အတင်းဆွဲထားသည့် ဇာတ်လမ်းဟုဆိုပါက မှားမည်မထင်ပါ။


တတိယဇာတ်လမ်းတခု ရှိပါသေးသည်။ “ရိုဝန်ညှာ” ဆိုသောစကားမှ ဆင်းသက်လာသည်။ ရခိုင်သံဖြင့် (Ro-wan-nya) မှ လာသည်ဟူ၏။ ပထမဇာတ်လမ်းကဲ့သို့ပင် ယူဆရမည်ဖြစ်ပါသည်။ အခြေအမြစ် အထောက်အထား မတွေ့ရပါ။


စတုတ္ထဇာတ်လမ်းမှာ ခပ်ရေးရေးတော့ရှိပါသည်။ ၄င်းဇာတ်လမ်းအရ မြောက်ဦးခေတ် ရခိုင်ပြည်၏ သြဇာခံ မူဆလင်နိုင်ငံတနိုင်ငံ ရှိခဲ့သည်။ ၄င်းပြည်ကို “ရုံပြည်”၊ ရခိုင်သံဖြင့် (Roang Pryee) ၊ မြန်မာသံဖြင့် (Yoang Pyee) ဟုခေါ်သည်။ “ရုံမင်းသား”
တပါးနှင့် နောက်လိုက်များ ရခိုင်ပြည်တွင် လာရောက်ခစားနေထိုင်သည်။ ထိုသူများကို “ရုံအိမ်ကျ”ဟုခေါ်ခဲ့ရာမှ ကာလရွေ့လျား၍ "ရိုဟင်ဂျာ” ဖြစ်လာသည် ဟူ၏။


မဟာပညာကျော် လျှောက်ထုံး ဓည၀တီအရေးတော်ပုံ စသောကျမ်းများတွင် “ရုံပသီပြည်”မှ “ရုံ”မင်းသည် ရခိုင်ဘုရင် မင်းဖလောင်းကြီးနှင့် အမတ်ကြီး မဟာပညာကျော်တို့ကို လေးစားကြည်ညိုလှ၍ သားတော် “ရုံမင်းသား ရှာအလင်”နှင့် နောက်ပါတထောင်ကို မြောက်ဦးမြို့တော်သို့ စေလွှတ်ပြီး “မရမာ”ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို
လေ့လာသင်ယူစေကြောင်း ပါရှိသည်။ သို့ရာတွင် ၄င်းတို့ အုပ်စု ရခိုင်ပြည်တွင် အခြေချနေထိုင်ကြောင်းတော့ မပါပါ။ ထို့ကြောင့်
စတုတ္ထဇာတ်လမ်းကို သမိုင်းနှင့်ညီမည်ီစီစစ်ကြပါစို့။ “ရုံမင်းသား ရှာအာလင်”နှင့် နောက်လိုက်နောက်ပါတို့မှာ “မရမာ” (မြန်မာ)စာပေ စကား ယဉ်ကျေးမှုတို့ကို မင်းဖလောင်းကြီးခေတ်မှပင် သင်ယူခဲ့ရပြီးဖြစ်ရကား နောက်နှစ်ပေါင်း (၄၀၀) နီးပါးကြာသည့် ယခုခေတ်တွင် ၄င်းတို့၏ အဆက်အနွယ်များမှာ မြန်မာစကား ရခိုင်စကား စသည်တို့ကို ကောင်းစွာတတ်ရပါမည်။ရွှေဘိုခရိုင်မှ မြန်မာမူဆလင်များနှင့် ဗရင်ဂျီအဆက်အနွယ်များက သက်သေခံပါလိမ့်မည်။ ဥပမာ ကွယ်လွန်သူ ကျားဘငြိမ်း (မန္တလေမြို့ ရွှေကျားလက်ဝှေ့အဖွဲ့ ကို တည်ထောင်သူ) မှာ ရွှေဘိုသားစစ်စစ် မြန်မာမူဆလင်အစစ်ကြီး ဖြစ်ပါသည်။ သူတို့ဆွေမျိုးတသိုက်လုံး မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးစံများကို မိရိုးဖလာ ဗုဒ္ဓဘာသာအချို့ထက်ပင် သိကြပါသေးသည်။ ထို့ကြောင့် သူတို့ညီအကိုများကို အချို့က “ကမ္မ၀ါညှပ်မည့် မူဆလင်များ”ဟု ကင်ပွန်းတပ်ခဲ့ကြရပါသည်။ ယခု ရိုဟင်ဂျာဆိုသူများကို ကြည့်ပါ။ မုတ်ဆိတ်က တတောင်လောက်နှင့် ဘင်္ဂါလီ စစ်တကောင်းစကားကလွဲ၍ ဘာစကားမျှမတတ်ကြပါ။ ထို့ကြောင့် စတုတ္ထဇာတ်လမ်းမှာလည်း ယုတ္တိမရှိပါ။


ဝါရင့် သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (စာရေးဆရာ အောင်ဗလ)၏ အဆိုအရ ရိုဟင်ဂျာဆိုသောနာမည်ကို အလံနီကွန်မြူနစ်များက “မူဂျာဟစ်” သူပုန်များအတွက် ထွင်ပေးခဲ့သောနာမည်ဖြစ်ကြောင်း၊ ၁၉၅၁ခုနှစ်များအစပိုင်းက အလံနီများနှင့် မူဂျာဟစ်များမှာ “ယာယီမဟာမိတ်” ဖွဲ့ထားပြီး ဖဆပလအစိုးရကို တိုက်ခိုက်နေကြကြောင်း၊ မူဂျာဟစ်များက သူတို့အတွက် သမိုင်းဝင်အမည်တခု ရှာပေးခိုင်းသဖြင့် အလံနီများကကင်းပွန်းတပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မည်သို့ အဓိပ္ပာယ်ရှိသည်ကိုတော့ သူတို့လည်းမသိ၊ မည်သူမျှလည်း ယခုတိုင်လည်းမသိကြောင်း၊ ၄င်းတို့ကိုယ်တိုင် ယခုလက်ရှိအချိန်တွင် မြန်မာအစိုးရကို ဆန့်ကျင်သူ ဖြစ်နေသော်လည်ွးှရိုဟင်ဂျာကိစ္စကဲ့သို့ တိုင်းပြည်နစ်နာမည့် ပွဲလန့်တုန်းဖျာခင်းသည့် ကိစ္စမျိုးတွင်တော့ လုံးဝမထောက်ခံနိုင်ကြောင်း ဘာလင်မြို့တွင် ကွန်ဖရင့်တက်လာစဉ်က စာရေးသူအားရှင်းပြဖူးသည်။


ရိုဟင်ဂျာ ဆိုသောအမည်မှာ အလံနီများက ထွင်ပေးခဲ့သော အမည်ဖြစ်သည်ဆိုသေစကားမှာ ယုတ္တိရှိပါသည်။ အလံနီများသည် အမည်သစ်ထွင်ရာတွင် ပါရဂူမြောက်သကဲ့သို့ နာမည်ပြောင်ပေးရာတွင် တဖက်ကမ်းခတ်ပြီး အနွတ္တသညာသမုဒ်ရာ၌လည်း
အတုလံသူများဖြစ်၍ သူတပါးအားနာမည်ဖျက်ရာ ကိစ္စများတွင်တော့ သူမတူအောင် ထူးချွန်သူများဖြစ်ကြပါ၏။ ၄င်းကိစ္စအားလုံးတွင် မည်သူမျှမယှဉ်သည့် စပါယ်ရှယ်လစ်များ ဖြစ်ကြပါသည်။ ဦးနုအစိုးရကို မသာတခုအရင်းပြုတဲ့ “ငနု”အစိုးရဟု ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ၏ အသုဘကို အမြတ်ထုတ်ပြီး မဲနိုင်သည်ဟု အကျိုးယုတ် အရှက်ခွဲ သိက္ခာချခဲ့သူများ ဖြစ်ပါသည်။ ၄င်းတို့ “သုံးပါတီမဟာမိတ်” သိမ်းပိုက်ထားသည့် လွတ်မြောက်သောနယ်မြေများတွင် ကျောင်းသုံး ဒေါင်းတံဆိပ် မြန်မာသင်ပုန်းကြီးပါ “ဘူးသီးနုနုမခူးရ။ ငါ၏ဒူးနာ၏” စသော ဖတ်စာများအစား ၄င်းတို့ အသစ်ထွင်ထားသော “မဆပလ လခမရ။ မ၀တ၀၊ ခဏခဏ၊ အာဏာပြ” စသော “နိုင်ငံရေး သင်ပုန်းကြီးများ”ကို သင်စေခဲ့သူများလည်း ဖြစ်ကြပါပေ၏။ အလံနီခေါင်းဆောင်ကြီး သခင်စိုးမှာ ဟိုစစ သည်စစ စာအုပ်များဖတ်ပြီ်း နာမည်သစ်ထွင်တတ်သူ ဖြစ်ပါသည်။ ဥပမာ “အနုပဋိလောမ ရုပ်ဝါဒ” စသော သဒ္ဒါမမှန်သည့် ဝေါဟာရများကို တီထွင်ခဲ့သူလည်း ဖြစ်ပါ၏။ ရခိုင်တိုင်း အလံနီခေါင်းဆောင် ကျော်ဇံရွှီမှာ ရခိုင်တဦးဖြစ်သဖြင့် ၄င်းတို့သည် “ရုံပြည်” အကြောင်းကို ကြားဖူးနားဝဖြင့် “ရုံပြည်သားများ” (Roangian) ဟူသောအမည်ကို ရှာဖွေပေးခဲ့ခြင်းလည်း ဖြစ်တန်ရာပါသည်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း ကြံဖန်အကြောင်းပြရမည့် “မူဂျာဟစ်ဟောင်း” များက ၄င်းအမည်ကို ခဏမဆိုင်း ၀မ်းသာအားရ လက်ခံလိုက်ကြဟန်ရှိပါသည်။ "Roangian" ကို "Ro-an-gian" ဟု အသံထွက်ရာမှ အသံထွက်မမှန်သဖြင့် ကုလားသံဖြင့် “Ro-hin-gya” “ရိဟင်ဂျာ” ဖြစ်လာနိင်စရာ ရှိပါသည်။


ယခု နောက်ထပ်ခိုးဝင်လာကြသော “ရိုဟင်ဂျာ”ဆိုသူများနှင့် ၄င်းတို့ကို အားပေးနေသော “သတင်းစာဆရာ”  “သမိုင်းဆရာ” ဆိုသူအများစုမှာ ၀မရှဘဲဝိလုပ်ချင်သူများဖြစ်၍ ထင်ရာကိုစွတ်ပြောပြီး “ယုတ်တမ်း” “ရမ်းတုတ်" ကြခြင်းဖြစ်ပါသည်။ သမိုင်းကြောင်းကို အသေအချာ လေ့လာကြဟန်မတူပါ။ မိမိကိုယ်ကိုမိမိ “ဘာမားအိပ်စပတ်” ဟု ထင်ယောင်နေသော သတင်းစာဆရာမာတင်စမစ်က ၄င်း၏ဆောင်းပါးတွင် “လက်ရှိစစ်အစိုးရ”သည် ရခိုင်ပြည်၏ရှေးဟောင်းမူဆလင်အမည်များကို မဃ် အမည်သို့ ပြောင်းပစ်နေသည်၊ ဥပမာ Arakan မှ Rakhine သို့ ပြောင်းသည်၊ Akyab မှ စစ်တွေ Sandoway မှသံတွဲ ၊ Cheduba မှ မာန်အောင် စသည်ဖြင့် ပြောင်းပစ်သည် ဟု ရေးထားပါသည်။ အကျယ်ရှင်းပြရန် လိုအပ်မည်မထင်ပါ။ “စကောလောက်မှ စောက်မနက်သောဥာဏ်”ဖြင့် ရေးသားထားခြင်းဖြစ်သည်ကို စာရှုသူအားလုံး သိကြမည်ဖြစ်ပါသည်။ ၄င်းကဲသို့သော ပုဂ္ဂိုလ်ကြီးမဟုတ်သော “ပုပ်ကိုယ်ကြီး” များရှိသဖြင့် အထက်ပါ “ရိုဟင်ဂျာ ဇာတ်လမ်းများ” ပေါ်ပေါက်လာသည်ဟု ယူဆရန်သာရှိပါတော့သည်။ ထို “ပုပ်ကိုယ်ကြီး”များ၏ လက်ချက်များမှာ အလွန် ကြောက်စရာကောင်းပါသည်။သတင်းစာလွတ်လပ်ခွင့်ကို မတရားအသုံးချခြင်းပင် ဖြစ်ပါသည်။ ၄င်းတို့သည် တနေ့နေ့တွင် “မြန်မာအစိုးရသည် သမိုင်းဝင်အမည် Rangoon မှ Yangon သို့ ပြောင်းပစ်သည်။  Rangoon ဆိုသည်မာ ဘင်္ဂလားဒေ့ရှ် မြောက်ပိုင်းရှိ Rangunla (Rangonla) နယ်သား ကုလားများက တည်ထောင်သောမြို့ ဖြစ်သည်၊ ၄င်းတို့ ဒေသရင်းကိုစွဲ၍ ပေးထားခဲ့သော အမည်ဖြစ်သည်၊ မြန်မာအစိုးရက အတင်းမြန်မာမှုပြုပြီး ရန်ကုန်ဟု ပြောင်းပစ်သည် စသောလံကြုပ်ဇာတ်လမ်းများကိုလည်း တီထွင်ကောင်ုးတီထွင်ပါလိမ့်မည်ဦးမည်။ စောင့်သာကြည့် ကြပေတော့ အရပ်ကတို့ ဟုသာ ဟစ်လိုက်ချင်ပါဘိတော့သည်။


၁၉၇၀ ခုနှစ်များအတွင်းက ခေတ်စားခဲ့သောတေးတပုဒ်ကို သတိရလာပါသည်။ သီဆိုသူ၏အမည်ကို မမှတ်မိတော့ပါ။ မှတ်မိသောစာသားမှာ “ပွဲလန့်တုန်း ဖျာခင်းမလို့ ကြံရွယ် နောက်မှရောက်လာတဲ့ ကိုယ်လူလည်၊ သူကျမကိုချစ်တယ်၊မေတ္တာနေရာပေးကွယ် ကျမမှာချစ်သူရှိတယ် ရှင်ငရဲကြီးလိမ့်မယ်” ဟှူု၍ဖြစ်ပါသည်။ ၄င်းတေးသွားအတိုင်း စာသားပြောင်းပြီး "ပွဲလန့်တုန်း ဖျာခင်းမလို့ ကြံရွယ် အနောက်ကရောက်လာတဲ့ ကုလားလည် သူကိုယ်သူ “ရိုဟင်ဂျာ”တဲ့ကွယ်၊ ရခိုင်ပြည်မှာ နင်တို့အတွက် နေရာမရှိတယ်၊ သူများပြည်ုကို လိုချင်ရင် “ဂျဟာနမ်” ငရဲအိုးမှာ ဇောက်ထိုးကျလိမ့်မယ်" ဟု ဆိုချင်စိတ်ပေါက်နေပြီ ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

ခင်မောင်စော(ဘာလင်မြို့)

No comments:

Post a Comment

 
Blogger Widgets