Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 25 June 2012

ဘင်္ဂလားဒေ့ရှ်နိုင် ငံနိုင်ငံနယ်စပ်ရှိ ရခိုင်ကျေးရွာများအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှ လုံခြုံရေးကို အလုံအလောက်ချထားပေး

ဥက္ကာကိုကို ဖေ့စ်ဘုခ် မှ
 
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခပြဿနာများ ဖြစ်ပေါ်နေသည့် ကာလမှ စတင်၍ ဘင်္ဂလားဒေ့ရှ်နိုင် ငံနိုင်ငံနယ်စပ်ရှိ ရခိုင်ကျေးရွာများအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှ လုံခြုံရေးတပ်ဖွဲ့ဝင် များစေလွှတ် ၍ ကျေးရွာလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနစ်မြို့၊ မြစ်နားရွာမှ မ၀င်းဝင်းအေးက ပြောသည်။

"ဖြစ်စဉ်ဖြစ်တဲ့နေ့က စပြီးတော့ ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်အဖွဲ့တွေက ကျွန်မတို့ ရခိုင် အများစုနေတဲ့ ရွာတွေကို လုံခြုံရေးအတွက် လာပြီးစောင့်ရှောက်ပေးနေပါတယ်"ဟု သူမကပြော သည်။

ဖြစ်စဉ်ဖြစ်ပွားသည့် နေ့များမှစတင်၍ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ပုံမှန်ထက် သုံးဆခန့်ပိုမိုတိုးမြှင့် တာဝန်ချထားပေးကြောင်း တက္ကနစ်မြို့မှ ရခိုင်အမျိုးသား ကိုနိုင်နိုင်က ပြောသည်။

"ရခိုင်ဖက်မှာ ဖြစ်စဉ်တွေဖြစ်နေပေမယ့် ကျွန်တော်တို့ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကျွန်တော်တို့ရွာတွေအတွက် လုံခြုံရေးချပေးထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာတွေက ကျွန်တော်တို့ရွာတွေကို မီးဝင်ရှို့ပြီး ဒုက္ခပေးမယ်လို့ ကြားနေရတဲ့ အတွက် လုံခြုံရေးချထားပေးတာလို့ ပြောတယ်" ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် တက္ကနစ်မြို့အကြားတွင် နေထိုင်သော ရခိုင်အမျိုးသား ကိုစိုးလင်းထွန်းက တယ်လီဖုန်းဖြင့် ပြောသည်။

(သတင်း- ဥက္ကာကိုကို၊ ဖိုးသီဟ)

No comments:

Post a Comment

 
Blogger Widgets