Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Friday, 15 June 2012

ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောမြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး အခြေအနေငြိမ်သက်နေ၊ ကယ်ဆယ်ရေးစခန်းများ၌ လူဦးရေ သောင်းချီခိုလှုံလျက်ရှိပြီး အချို့နေရာများ၌ စားနပ်ရိက္ခာခက်အခဲဖြစ်ပေါ်

EMG

ရခိုင်ပြည်နယ်တွင်း အခြေအနေမငြိမ်သက်မှုများ ဖြစ်ပွားနေသော စစ်တွေမြို့နှင့် မောင်တောမြို့တို့တွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး အခြေအနေငြိမ်သက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
စစ်တွေမြို့၊ မောင်တောမြို့တို့ တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများ၌ လက်ရှိတွင် လူဦးရေသောင်းချီခိုလှုံလျက်ရှိပြီး အချို့သော ကယ်ဆယ်ရေးစခန်းများတွင် စားနပ်ရိက္ခာအခက်အခဲများပါ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
စစ်တွေမြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၄၅ ခုအထိ ရှိလာပြီး အဆိုပါ ကယ်ဆယ်ရေးစခန်း၌ ခိုလှုံသူဦးရေ ၃၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ၀ံလတ်ဖောင်ဒေးရှင်းမှ Eleven Media Group သို့ ဇွန်လ ၁၄ ရက် နေ့က ပြောကြားခဲ့ပါသည်။
"အခုအချိန်မှာ ပေါက်တောမြို့၊ ငပြီကျွန်း၊ သရက်တောဘက်မှာ အိမ်ခြေ ၄၀၀ လောက်မှာရှိတဲ့ လူ ၃၀၀၀ ကျော်က စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့သိရတယ်"ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးက ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ပြောပြသည်။
မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများမှ တိမ်းရှောင်လာသူများအား ကယ်ဆယ်ရေးစခန်းသုံးခု၌ နေရာချထားလျက်ရှိပြီး အဆိုပါနေရာများမှာ ဖားဝက်ချောင်း ကျေးရွာကယ်ဆယ်ရေးစခန်း၊ ငါးခူရကျေးရွာ ကယ်ဆယ်ရေးစခန်း၊ ကျီးကန်းပြင် ဌာနချုပ်တို့ ဖြစ်ကြကြောင်းသိရသည်။ ဖားဝက်ချောင်း ကျေးရွာကယ်ဆယ်ရေးစခန်းတွင် လူပေါင်း ၅၀၀ ကျော်၊ ငါးခူရကျေးရွာ ကယ်ဆယ်ရေးစခန်းတွင် ၇၂၀ ခန့်၊ ကျီးကန်းပြင် ဌာနချုပ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းတွင် ကျောင်းဆရာ၊ ဆရာမ ၄၀ တို့ ခိုလှုံလျက်ရှိသည်။
အဆိုပါကယ်ဆယ်ရေးစခန်း သုံးနေရာတွင် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်းနှင့် မောင်တောမြို့ပေါ်မှ ၎င်းတို့အား စားနပ်ရိက္ခာများ သွားရောက်ပေးပို့ရန် လတ်တလောတွင် အခက်အခဲရှိနေကြောင်း ဇွန် လ ၁၄ ရက်နေ့က သိရှိရသည်။
မောင်တောမြို့ပေါ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်း လေးခုသို့ လူမှုရေးအဖွဲ့အစည်းများက စားနပ်ရိက္ခာများ ပေးပို့ကူညီလျက်ရှိကြောင်း သိရပါသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပျက်စီးဆုံးရှုံးမှုများနှင့် ကယ်ဆယ်ရေးစခန်းများ၏ အခြေအနေကို ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက "ပဋိပက္ခကြောင့် တိမ်းရှောင်ခဲ့တဲ့ အဖွဲ့တွေစုစည်းပြီး ယာယီနေထိုင်ဖို့ စခန်း ၃၇ ခု ကျွန်တော်တို့ လက်ရှိ ဖွင့်ထားပါတယ်။ စုစုပေါင်း လူဦးရေ ၃၁၈၈၄ ဦး စခန်း အသီးသီးမှာ ရောက်ရှိနေပါတယ်။ မရောက်ရှိ သေးတဲ့ တချို့တချို့သောအဖွဲ့တွေလည်း ရှိကောင်းရှိမှာဖြစ်ပါတယ်။ စစ်တွေမှာဆိုရင်တော့ ရခိုင်လူမျိုးတွေအတွက် ဖွင့်လှစ်ထားတဲ့ စခန်း ၁၅ ခု ရှိပါတယ်။ အဲ့ဒီမှာ လူဦးရေ ၅၆၉၀ ရှိပါတယ်။ တိမ်းရှောင်နေတဲ့ မူစလင်တွေစုစည်းပြီးထားတဲ့ စခန်း ၂ ခုရှိပါတယ်။ အင်အားအနေနဲ့ ၁၈၈၈၆ ဦး ရှိပါတယ်။ ဒါ့ကြောင့်မို့ စစ်တွေမှာ ရခိုင်ရော မူစလင်ရော ပေါင်းမယ်ဆိုရင် ၂၄၅၇၆ ဦးရှိနေ တာ တွေ့ရပါတယ်"ဟု ပြောကြား သည်။
"ရသေ့တောင်မှာကတော့ ၁၄ နေရာရှိပါတယ်။ ရခိုင်လူမျိုးတွေ သင့်တော်ရာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့မှာ ဖွင့်လှစ်ထားတာ ရှိပါတယ်။ အင်အားကတော့ ၃၁၀၄ ဦးရှိပါတယ်။ ပုဏ္ဏားကျွန်းမှာ စခန်း လေးနေရာ ဖွင့်ထားပြီးတော့ ၂၇၀၄ ဦးရှိပါတယ်။ ပေါက်တောမှာတော့ မူစလင်စခန်းနှစ်ခု ဖွင့်ထားပါတယ်။ အင်အားက ၁၅၀၀ ရှိပါတယ်။"ဟု ဆက်လက်ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက် နေ့မှ ၁၃ ရက်နေ့အထိ သိရှိရသော စာရင်းများအရ မီးလောင်မှုဖြစ်စဉ်တွင် နေအိမ် ၂၅၂၈ လုံး မီးလောင် ကျွမ်းခဲ့ပြီး ရခိုင်တိုင်းရင်းသားများ၏ အိမ် ၁၁၉၂ အိမ်နှင့် မူစလင်များ၏ နေအိမ် ၁၃၃၆လုံး ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်း ကိုးကျောင်း၊ ဗလီခုနစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်း မီးလောင်ခဲ့ကြောင်း၊ သေဆုံးသူ ၂၉ ဦး ရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား ၁၃ ဦးနှင့် မူစလင် ၁၆ ဦးဖြစ်ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
"ကယ်ဆယ်ရေးအတွက်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရင်းနဲ့ တစ်ပြိုင်နက်တည်း အုပ်ချုပ်မှုယန္တရားပါ ပြန်လည် လည်ပတ်နိုင်အောင် စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကိုလည်း လက်ရှိထိန်းသိမ်းထား နိုင်ပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။" ဟု ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားခဲ့သည်။
ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်း၌ မောင်တောမြို့ အခြေအနေသည် ငြိမ်သက်လျက်ရှိနေပြီး ဈေးဆိုင်ခန်း များဖွင့်လှစ်မှုမရှိသေးကြောင်း၊ မိုးများ သည်းထန်စွာ ရွာသွန်းလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ က မောင်တောမြို့ကို လုံခြုံရေးယူထားကြောင်း သိရှိရပါသည်။ ဖားဝက်ချောင်း ကျေးရွာ ကယ်ဆယ်ရေး စခန်း၊ ၊ ငါးခူရ ကျေးရွာ ကယ်ဆယ်ရေးစခန်းနှင့် ကျီးကန်းပြင်ကယ်ဆယ်ရေးစခန်းတို့တွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်နေသည့်အတွက် မောင်တောမြို့မှ ယနေ့ သွားရောက် ပေးပို့ရန်စီစဉ်ထားသော်လည်း မိုးများသည်းထန်စွာ ရွာသွန်းနေသောကြောင့် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ ပေးပို့နိုင်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။

No comments:

Post a Comment

 
Blogger Widgets