Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Saturday, 16 June 2012

ချက်ကြိုး နဲ့ ရှက်ကြိုး မှားဖြတ်မိသူများသို့

"အသက်နဲ့ လူလုပ်တာမဟုတ်၊ အရှက်နဲ့ လူလုပ်တယ်" ဆိုတာ သိက္ခာရှိတဲ့၊ ကိုယ်ကျင့်တရားကောင်းတဲ့ သီလကို စောင့်ရှောက်တတ်တဲ့ လူတွေရဲ့ ရပ်တည်ချက်ပါ ... ဒီကောင်းတဲ့ ရပ်တည်ချက်ကို လိုက်ပြီး ကျွန်မတို့ လူငယ်အများစုဟာ အရှက်တရားကိုလက်ကိုင်ထားပြီး အသက်ကိုကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားနေကြပါတယ် ... ဒါပေမယ့် အခုတလော အသက်သာကြီးပြီး အချိန်မစီးသူများ၊ ကျီးအာသီးလို လူစားများ၊ သဒွတ်သီး(အပြင်ပန်းလှ၍ အထဲမှာ ပိုးလောက်များဖြင့် ပြည့်နေတတ်သော အသီး) လို လူစားများကို နာမည်ကြီး အသိုင်းအဝိုင်းကြီးထဲမှာပဲ ထင်ထင်ရှားရှား တွေ့မြင်လာရပါတယ် ....

ထိုသူများဟာ ကိုယ့်ကိုကိုယ် ဟုတ်လှပြီလို့ အထင်ကြီးမှုများနဲ့ သနားရွံရှာဖွယ် သူများခိုင်းဖတ်အဖြစ် အကျင့်ပျက်ခြစားမှုတွေအောက်မှာ ဥာဏ်မျက်စိရော၊ မွေးရာပါ မျက်စိရော .. ဥာဏ်နားရော၊ မွေးရာပါနားရော အလုံးစုံ ကန်းပြီး ပျက်စီးသွားကြရရှာပြီလေ ... ကာယကံ၊ ဝစီကံ၊ မနောကံ ကျူးလွန်ခြင်းသုံးမျိုး သုံးစားလုံးအတွက် အကျုံးဝင်သူတွေလည်းဖြစ်တယ် ....

တချိန်က သူတို့ရဲ့ လေလှိုင်းတွေကြားမှာ ကိုယ်တိုင် စိတ်လိုလက်ရ မြောပါခဲ့ဖူးပါတယ် ... တဖြည်းဖြည်းနဲ့ မင်းသားခေါင်းတွေ ကွာကျတော့ သူတို့ရဲ့ အစွယ်တွေကို ဖုံးမရ ဖိမရတာက တစ်ကြောင်း၊ နောက်ကဖိအားပေး သွားစွယ်ထုတ်ပြရန် ခိုင်းစေမှုကြောင့်တစ်ကြောင်း အကြောင်းကြောင်းတွေကြောင့် ထွက်လာပြတဲ့သွားစွယ်တွေက အပုပ်ရည်တွေ တမြှားမြှားနဲ့ ....

ရှက်တတ်ရင် လဲသေလိုက်ဖို့ကောင်းပါတယ် ... "သားရေပေါ်အိပ်၊ သားရေနားစား" ဆိုတဲ့ "စကောလောက်မှ ဇောက်မနက်တဲ့"အဆင့်ရှိ ဘင်္ဂါလီကုလားတွေဟာ သူတို့ကို ဘယ်နိုင်ငံကမှ လက်မခံခဲ့တာကို ဒီအင်အားကြီးမဟုတ်တဲ့နေရာဒေသလေးက ကိုယ်ချင်းစာတရားနဲ့ ကာလအတန်ကြာ ခိုလှုံခွင့်ရခဲ့၊ ပညာတွေသင်ယူခွင့်၊ စီးပွါးတွေရှာခွင့် ရနေခဲ့တာကိုမှ အားမနာ "အိမ်ရှင်ကို မျောက်နှင်" သလိုမျိုး အချိုးနဲ့ ကာယကံမြောက် ကျူးလွန်မိုက်ရိုင်းတဲ့ လုပ်ရပ်တွေကို BBC, VOA, RFA, DVB, Mizzima နဲ့ ဧရာဝတီ က မြန်မာလူကြီးမင်းများက အားတက်သရောနဲ့ ဝစီကံ၊ စိတ်လိုလက်ရ မနောကံတွေနဲ့ ဝင်ပြီးတော့ ဝိုင်းလှော်ပေးလိုက်တြတာ အိမ်ရှင်တွေခမြာ သောင်းကျန်းသူကို ဖြစ်လို့ ...

Human Right လို့ အော်နေတဲ့ကောင်တွေကို ပြောချင်ပါသေးတယ် ... အဲသလိုမျိုး မအော်ခင်မှာ ကိုယ်တိုင်က Human နဲ့ တူအောင်နေတတ်ပြီလားလို့ ....  BBC, VOA, RFA, DVB, Mizzima နဲ့ ဧရာဝတီ က လူတွေ နောက်က အော်ခိုင်းတဲ့ ခင်ဗျားတို့ရဲ့ သခင်ကြီးတွေကို ကျွန်မတို့ မြန်မာနိုင်ငံက Human Right ကို မသိနားမလည်သေးလို့ နားလည်တတ်ကျွမ်းတဲ့နိုင်ငံတွေ ကိုယ်ချင်းစာတရားကြီးမားသူတွေက Rohingya အရေးကို လျှောက်ပြန်သံပေး အော်နေမယ့်အစား ပြန်ခေါ်သွားပေးကြပါလို့ ပြောလိုက်စေချင်တယ် ...

BBC, VOA, RFA, DVB, Mizzima နဲ့ ဧရာဝတီ ရှင်တို့တွေ ကျွန်မတို့ရဲ့ စစ်မှန်မှုတွေကို အမေကျော်၊ ဒွေးတော်လွမ်း လို့ နောက်ကရမယ့် ပိုက်ဆံအတွက် ပက်ပက်စက်စက် သစ္စာဖေါက်ခဲ့ကြပြီဆိုမှတော့ ကျုပ်တို့ ပြည်သူတွေက ရှင်တို့ကို မလိုတော့ပါဘူး ... ဒါဟာ ကျွန်မတစ်ယောက်တည်းရဲ့  စကားမဟုတ်ဘူးနော် ... တပြည်လုံးက အော်သံတွေကို နားထောင်ကြည့်စေချင်တယ် ...

အခု လူငယ်တွေက ရှင်တို့လှည့်သလို ကစားလို့ မရတော့ဘူး ... အစိုးရမှားရင်လည်း မှားတယ်လို့ယူဆရင်လည်း ကိုယ်တွေရဲ့ သဘောထားကို တင်ပြဖို့ ဝန်မလေးသလို ကမ္ဘာကို တင်ပြဖို့လည်း လက်မရွံ့ဘူး ... ဒီတော့ ရှင်တို့တွေလောက်ကို စာမဖွဲ့ဘူးဆိုတာကို သိလိုက်ပါ ...

သတင်းဌာနဆိုတာ သတင်းဌာနပီသဦးမှပေါ့ ... အတင်းသာသာအဆင့်ရှိတဲ့ မဟုတ်မမှန် လုပ်ကြံတာတွေလောက်တော့ စိုင်းစိုင်းခမ်းလိုင် သီချင်းလို "စပ်မိစပ်ရာ ကွိစိကွစ" အဆင့်လောက်တော့ ဟာဟ ... ရှင်တို့အတွက် သတင်းရှားရင် ပေးပေးမယ် ... ထမင်းမငတ်စေရဘူး ... လိမ်တဲ့အတွက်လည်း လျှာပေါ်ဝဲစွဲမှာ မစိုးရိမ်စေရဘူး ... အစိုးရ သတင်းဌာနတွေထက်တောင် မှန်ကန်တိကျစေရမယ် ... "ကိုယ်မွေးတဲ့မျောက်၊ ကိုယ့်ကို ပြန်ခြောက်" လုပ်နေတာကိုမှ သူတို့က လှေစီးတဲ့ ဒုက္ခသည်တွေပါလို့ လုပ်ပေးရတာနဲ့ လျှာ နူ သွားဦးမယ် ... ရှက်စရာအတိ ... ရှင်တို့လို မလုံတာကို "ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးသလို" အတင်းမျက်စိမှိတ်လုံချင်နေသူတွေအတွက်တော့ အရှက်ဆိုတာ ရှိ မရှိမသိ ....

အင်လိုင်းပေါ်က မှန်ကန်တဲ့ သတင်းတွေနဲ့ လူငယ်တွေရဲ့ အင်အားကို ရှင်တို့တွေ ဘယ်လောက်တောင်ကြောက်သွားကြသလဲဆိုတာ ကိုယ့်အပြစ်ကို အင်လိုင်းကလူငယ်တွေကြောင့်ပါလို့ လွှဲချရတဲ့အထိ ... ဆက်စောင့်နေပါဦး ... ရှင်တို့ရဲ့ လေလိုင်းပေါ်က လေအိုးကြီးတွေ မစစ်မှန်မှုတွေကို တစ်ခုပြီးတစ်ခု အစဆွဲထုတ်ဖို့ လာဦးမယ် ... ဒီအခု အဖြစ်အပျက်တွေဟာ ရဲဝံ့တဲ့၊ စစ်မှန်တဲ့၊ သွေးစည်းတဲ့ မြန်မာလူငယ်တွေရဲ့ ရှင်တို့ကို ပြန်ပြီးတော့ စိန်ခေါ်သံပဲ ဖြစ်တယ် ...

IT ခေတ်မှာ information တွေကို ရှင်တို့လို လိုတိုး၊ပိုလျှော့မလုပ်ထားတဲ့ တကယ့်စစ်မှန်တဲ့ သတင်းတွေကို အချိန်နဲ့ အမျှရနေပြီဆိုတာကို သိလိုက်ရင် ကိုယ့်စရိုက်ကို ကိုယ်ပြင်လိုက်ကြပါတော့ ... ကျွန်မတို့ဟာ နောက်ကြောက ဓါးထိုးတတ်တဲ့၊ အကောက်ကြံအောက်တန်းကျ ခြေထိုးခံတတ်တဲ့ လူစားမျိုးတွေမဟုတ်ပါဘူး ... ဒီတော့ ခုခေတ် မြန်မာလူငယ်တွေနဲ့ ပြည်တွင်းက စစ်မှန်တဲ့ မီဒီယာတွေ အားလုံး လက်တွဲညီညီနဲ့ ရှင်တို့ကို တရားဝင် ပြန်ပြီး စိန်ခေါ်လိုက်ပြီ ဆိုတာကို သတင်းပါးလိုက်ပါတယ် ...


သင်းချို

No comments:

Post a Comment

 
Blogger Widgets