Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 25 June 2012

ရသေ့တောင်တွင် လူဆယ်ဦးသေဆုံးခဲ့သော ဖြစ်ရပ်အတွက် ပါဝင်သူ ၁၀၀ ကျော်အား ဖမ်းဆီးစစ်ဆေး

7Days News Journal
Photo : Thiha
ရသေ့တောင်တွင် လူဆယ်ဦးသေဆုံးခဲ့သော ဖြစ်ရပ်အတွက် ပါဝင်သူ ၁၀၀ ကျော်အား ဖမ်းဆီးစစ်ဆေး
ရသေ့တောင်၊ ဇွန်-၂၄

ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာအနီးတွင် ဇွန် ၁၉ ရက်က ဖြစ်ပွားခဲ့သည့် ရခိုင်တိုင်းရင်းသား ၁၀ ဦး သေဆုံးမှုနှင့်ပတ် သက်၍ ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ ၁၀၀ ကျော်ကို စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာရဲစခန်းမှူးမှ 7Day Newsသို့ပြောသည်။

''ဖြစ်စဉ် ဖြစ်ပြီးပြီးချင်း ကျွန်တော်တို့လုံခြုံရေး အဖွဲ့တွေ နဲ့ တပ်မတော်စစ်ကြောင်းတွေ ပူး ပေါင်းပြီးတော့ သေဆုံးသူတွေရဲ့ အလောင်းတွေကို ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ဇွန် ၁၉ ရက် တစ်ညလုံးကြိုးစားရှာဖွေခဲ့တဲ့အ တွက် အလောင်းအားလုံးကို ဇွန် ၂၀ ရက် ပြန်လည်ရရှိခဲ့ပါတယ်'' ၎င်းင်းစခန်းမှူးကပြောသည်။

အဆိုပါ အကြမ်းဖက်မှု ကြောင့် ရခိုင်လူမျိုး ၁၀ဦးနှင့် ဘင်္ဂလီလူမျိုး နှစ်ဦး သေဆုံးခဲ့ပြီး စုစုပေါင်း ၁၂ဦး သေဆုံးခဲ့သည်။ 

ဇွန် ၂၅ ရက်အထိ ၎င်းင်းဖြစ် စဉ်တွင် အဓိကကြိုးကိုင်သည်ဟု ယူဆရသူ ဦးမောင်မောင်လှအပါ အ၀င် လူ ၁၀၀ ကျော်ကို ဖမ်းဆီး အရေးယူစစ်ဆေးလျက်ရှိကြောင်း စစ်တွေမြို့နယ် အမှတ်-၁ ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောသည်။

No comments:

Post a Comment

 
Blogger Widgets