မိုးမခ
၊ ဇွန် ၂၆၊ ၂၀၁၂
မြန်မာပြည်အရေးတွင် အစဉ်လက်မနှေး တက်ကြွစွာ ကူညီဆောင်ရွက် လှူဒါန်းလေ့ရှိသော ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများက လက်ရှိ ရခိုင်ပြည်အထွေထွေဘေးဒုက္ခမျ
လာမည် ဇူလိုင်လ ၈၊ ကျင်းပနေကြ Newark Pavilion, Thornton Ave, East Bay ကွန်မြူနီတီရိပ်သာတွင် မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ မြန်မာနှင့် အာရှရိုးရာ စားသောက်ဖွယ် ဈေးပွဲတော် ကျင်းပပြီး လက်ခံရရှိသော ဈေးရောင်းရငွေအားလုံးကို မြန်မာပြည်တွင်းရှိ ရခိုင်ပြည်သူများကို အားပေးကူညီနေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အဖွဲ့ကြီးကို အမှူးပြုပြီး လှူဒါန်းမည် ဖြစ်သည်။
ကြိုတင် အလှူခံသည့် မုန့်စားလက်မှတ် (Food Coupon) တစောင်ကို အမေရိကန် ၅ ဒေါ်လာနှုန်းဖြင့် ယခုကတည်းက စတင်ရောင်းချနေပြီး၊ ယခုလက်ရှိ မုန့်ဈေးတန်း လာရောက်ဖွင့်လှစ်မည့် မြန်မာမိသားစု အလှူရှင် ဆိုင်ခန်းပေါင်း ၁၅ ဆိုင် ကျော်ပြီဟု သိရသည်။
ဘေးဧရိယာရောက် မြန်မာကွန်မြူနီတီသည် မြန်မာပြည်ကူညီရေး ဈေးရောင်းပွဲတော်များဖြင့်
ယခုလည်း ၂၀၁၂ နှစ်ဆန်းကာလ ရခိုင်ပြည်က ဒုက္ခသည်ပြည်သူများအတွက် ကိုယ်စွမ်းနိုင်သမျှ အများပြည်သူကောင်းမှု ပြုကြမည်ဖြစ်ရာ မိုးမခမှ တဆင့်လည်း ၀ိုင်းဝန်းကူညီကြဖို့ နှိုးဆော်လိုက်ရပါသည်။ ၅ ဒေါ်လာတန် မုန့်စားလက်မှတ်များကို အလှူအဖြစ် ၀ယ်ယူ အားပေး ထည့်ဝင်လိုပါက မိုးမခမှ တဆင့်၎င်း၊ ပိုစတာပါ ဖုံးနံပါတ်များမှ တဆင့်၎င်း မှာယူပါ။ စာတိုက်ကနေ ၃ ရက်အတွင်း ရောက်အောင် ပို့ပေးမည်။ စာတိုက်ခကို မိုးမခက လှူပါမည်။

No comments:
Post a Comment