Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Tuesday, 26 June 2012

ချင်းမိုင်-မြန်မာကျောင်းသားရဟန်းတော်များနှင့် ဒကာ/မများ မှ မီးဘေးသင့်ရခိုင်ဒေသအတွက် မြန်မာငွေတစ်ဆယ့်ခုနှစ်သိန်းလေးသောင်းတစ်ထောင့်ကိုးရာလှူဒါန်း

ချင်းမိုင် ဇွန်လ၂၆၊၂၀၁၂

မဟာချူလာတက္ကသိုလ်(ချင်းမိုင်)ဌါနခွဲတွင်တက်ရောက်ပညာသင်ကြားနေကြသောမြန်မာရဟန်းတော်
ကျောင်းသားများအဖွဲ့ MMSA.CM မှ ဦးဆောင်လျှက် မြန်မာ ဘင်္ဂါလီ အဓိကရုဏ်းကြောင့် မီးဘေးသင့် ရခိုင်ပြည်သူများသို့ အလှူငွေ မြန်မာငွေတစ်ဆယ့်ခုနှစ်သိန်းလေးသောင်းတစ်ထောင့်ကိုးရာ(၁၇/၄၁၉၀၀)
ကျပ်ကို ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာလူမှုရေးအဖွဲ့အစည်းတခုဖြစ်သောရခိုင်သဟာယအသင်း(ရန်ကုန်)
သို့ ပေးပို့လှူဒါန်းလိုက်ကြောင်းသတင်းရရှိသည်။


၎င်းငွေများလှူဒါန်းခြင်းဟာ မြန်မာရဟန်းတော်ကျောင်းသားများမှ တပါးချင်းစေတနာပေါက်ထည့်ဝင်ကြ
ပြီး အလှူငွေပိုရအောင်ရွှေ့ပြောင်းရခိုင်အလုပ်သမားများ၊ မြန်မာပြည်သူပြည်သားများသို့ပါ အသိပေးခဲရာ
အထူးသဖြင့် ချင်းမိုင်မြို့နှင်နီးသော ချင်းရိုင် အပါဝင်မြို့များမှ အားတက်သရောလှူဒါန်းလာမှုကြောင့် အလှူငွေ ဆယ့်ခုနှစ်သိန်းကျော်လှူဒါန်းနိုင်ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံမှ MMSA သတင်းဌါနသို့ ပြောကြားသည်။ 


သူကပင်ဆက်လက်ပြောကြားရာမှာအလှူငွေများများလှူဒါန်းလိုသော်လည်းကျောင်းသားများထည့်ဝင်ငွေ၊
အလုပ်သမားတချို့တို့ထည့်ဝင်ငွေမျှကို ပထမအသုတ်အဖြစ်လှူဒါန်းရခြင်းဖြစ်ကြောင်း၊လတ်တလော
လိုအပ်ချက်များက အလွန်အရေးကြီးနေသဖြင့်အချိန်များများယူရန်မဖြစ်နိုင်ကြောင်းနှင့်မကြာမီရက်
အတွင်းဒုတိယအဖြတ်လှူဒါန်းမည်ဖြစ်ကြောင်း၊နောက်ပြီးလည်းတခြားဒေသများသို့ပါကမ်းလှမ်းပြီး ထပ်မံ
လှူဒါန်းနိုင်မည်ဟုမျှော်လင့်ရကြောင်းပြောကြားသည်။


ယ္ခုလှူဒါန်းမှုသည် မြန်မာပြည်သူပြည်သားများ၏ကုသိုလ်ဖြစ်သည့်အတွက်အလှူရှင်များအားလုံး သာဓုခေါ်နိုင်ပါ၍ ကောင်းကျိုးချမ်းသာရကြပါစေရန်လည်း ဆုမွန်ကောင်းများတောင်းပါကြောင်း သူတော်ကောင်းလုပ်ငန်းစဉ်များကို ဆထက်တပိုးတိုး၍ တိုး၍ လုပ်နိုင်ကြစေရန် ဆန္ဒပြုပါကြောင်း
ပြောကြားသွားသည်....။

No comments:

Post a Comment

 
Blogger Widgets