RFA-Burmese
ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေအတွင်း
သေဆုံးသွားကြသူတွေအတွက် ဆုတောင်းပွဲနဲ့ အလှူငွေကောက်ခံပွဲတစ်ရပ် မနေ့က ကျင်းပခဲ့ပါတယ်။
အဲဒီပွဲဖြစ်မြောက်ရေးအတွက် ရခိုင်လူမျိုးတဦးဖြစ်တဲ့ ဗုဒ္ဒဘာသာအသင်း
ဥက္ကဋ္ဌဟောင်း ကိုကျော်ဇောဝေက စည်းရုံးလှုံ့ဆော်ခဲ့ပြီး မဟာဓမ္မိက
ကျောင်းတိုက်ဆရာတော်ဦးကောဝိဒ တို့နဲ့အတူ ဦးစီးပြုလုပ်ခဲ့ တာဖြစ်ကြောင်း ဆရာတော် ဦးကောဝိဒ က မိန့်ပါတယ်။
အဲဒီပွဲကို လက်ရှိကနေဒါမြန်မာမိတ်ဆွေများအဖွဲ့ဥက္ကဋ္ဌ၊ ပါလီမန်အမတ် မစ္စတာ ဂျင်မ် ကယ်ရီယာနစ်စ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာမှာ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းတွေအတွက် အထူး စိတ်မကောင်းဖြစ်မိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲဒီဆုတောင်းပွဲကို ကနေဒါရောက်မြန်မာ၊ ရခိုင်၊ ကရင်နဲ့ မြန်မာမွတ်ဆလင် စုစုပေါင်းလူ (၃၀) လောက်တက် ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
ကောက်ခံရရှိတဲ့အလှူငွေ အမေရိကန်ဒေါ်လာ ၁၈၀၀ ကို ရခိုင်
ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေ အတွင်းရေးမှုးလည်းဖြစ်
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူး
လည်းဖြစ်တဲ့ ဦးအေးသာအောင်က တဆင့်ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။
No comments:
Post a Comment