Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 13 June 2012

သတင်းတိုများ

စစ်တွေမြို့ပေါ်တွင် မီးရှို့မှုများပြုလုပ်နေသော ဘင်္ဂါလီလူမျိုးများ ရှိနေပြီး စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်ကို မီးရှို့ကာ ပင်လယ်အတွင်း ထွက်ပြေးရန်
ကြိုးစားသော ဘင်္ဂါလီလူမျိုးတစ်ဦးကို လက်ရဖမ်းဆီးရမိကာ အမှတ်(၁) ရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

by-7Day News
 
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများအတွက် ထောက်ပံလူဒါန်းငွေများကို ရခိုင်ပြည်နယ် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး စခန်းများသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၊ ပြည်တွင်းမီဒီယာအချို့ နှင့် အနုပညာရှင်အချို့သည် ဇွန်လ ၁၃ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ မြို့တော်ခန်းမတွင် သွားရောက် လှုဒါန်းခဲ့ပါသည်။ ထို့နောက် အလှူရှင်များသည် အာဂျိတ်တောင် ကယ်ဆယ်ရေးစခန်း၊ တပ်ဦးပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများ၊ စောင်များ၊ အ၀တ်အထည်များ၊ ပန်းကန်များ၊ ခေါက်ဆွဲခြောက်များ နှင့် အခြား လိုအပ်သောပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြပါသည်။

ဦးအောင်ကိုဝင်း (နာယက၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
ဦးဇော်ဇော် (ဥက္ကဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်) ကျပ်သိန်း ၁၀၀၀
ဦးရန်ဝင်း (ဥက္ကဌ၊ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
ဦးဖြိုးကိုကိုတင့်ဆန်း (ဥက္ကဌ၊ နေပြည်တော် ဘောလုံးအသင်း) ကျပ်သိန်း ၃၀၀
ဦးလှဌေး (ပိုင်ရှင်၊ ဇွဲကပင်ဘောလုံးအသင်း) ကျပ်သိန်း ၂၀၀
ဦးဇော်မင်းသိန်း (ပိုင်ရှင်၊ ရက္ခပူရ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဒေါက်တာစိုင်းဆမ်ထွန်း (ပိုင်ရှင်၊ ရတနာပုံ ဘောလုံးအသင်) ကျပ်သိန်း ၁၀၀
ဦးသူရိန် (ဥက္ကဌ၊ ဇေယျာရွှေမြေဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဦးအောင်မိုးကျော် (ပိုင်ရှင်၊ ဟံသာဝတီ ဘောလုံးအသင်း) ကျပ် သိန်း ၁၀၀
ဦးဝမ်စိန် (ဥက္ကဌ၊ မောရ၀တီ ဘောလုံးအသင်း) ကျပ်သိန်း ၁၀၀
ဦးလှမျိုး (အောင်မြင်သူ ကုမ္ပဏီအုပ်စု) ကျပ်သိန်း ၂၀၀
ဦးကျော်ဟိန်း (ချယ်ဟိန်း ကုမ္ပဏီ) ကျပ်သိန်း ၂၀၀
Fresh Air Con ကျပ်သိန်း ၁၀၀
လူငယ်မီဒီယာသမားများ ကိုယ်စားပြု ကျပ်သိန်း ၅၀
Eleven Media Group ကျပ်သိန်း ၂၀
ပေါ်ပြူလာ ဂျာနယ် ကျပ်သိန်း ၂၀
သရုပ်ဆောင် ပြေတီဦး ကျပ်သိန်း ၂၀
ဒါရိုက်တာ ၀ိုင်း ကျပ် ၁၅ သိန်း

အလှူပစ္စည်းနှင့် ငွေသား စုစုပေါင်း ကျပ် သိန်း ၅၀၀၀ ခန့်ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်မှ ကယ်ဆယ်ရေးစခန်းများသို့ ထပ်ဆောင်း အလှူငွေ ကျပ်သိန်း ၁၅၀၀ခန့် ကို ထပ်မံပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
EMG
 နောက်ဆုံးရရှိသော သတင်းများအရ NGO အဖွဲ့အစည်းတချို့မှ ပုဂ္ဂိုလ်တချို့ ပါဝင်ပတ်သတ်မှုရှိနေပြီး စစ်တွေ AZG အဖွဲ့မှ ဘင်္ဂါလီလူမျိုး ဦးကျော်လှအောင်အား အယ်လ်ကိုင်ဒါများနှင့် ဆက်သွယ်ထားသော စာရွက်စာတမ်းများနှင့်အတူ ဇွန်လ ၁၂ ရက်နေ့ညနေပိုင်းက
ဖမ်းဆီးရမိခဲ့ သဖြင့် စစ်ဆေးမှုများပြုလုပ်နေကြောင်း အမှတ်(၁) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက 7Day News သို့ပြောသည်။
7Day News
စစ်တွေမြို့တွင် ယနေ့ ဇွန်လ ၁၃ ရက် နေ့လည်အထိ ပြန်လည်တည်ငြိမ်နေ ကြောင်း စစ်တွေမြို့သို့ ရောက်ရှိနေသော 7DayNews သတင်းထောက်က
ပေးပို့သည်။
7Day News
 ဇွန်လ၁၃ရက်နေ့ မောင်တောမြို့အခြေအနေမှာယခင်နေ့
များကထက်ပိုမို တည်ငြိမ်လာကြောင်း မောင်တောမှ7DayNewsသတင်းထောက်ကသတင်းပေးပို့သည်။ဆူပူအကြမ်းဖက်မှု့များစတင်ခဲ့သည်မှ၆ရက်မြောက်နေ့ ဖြစ်သောဇွန်၁၃နံနက်ပိုင်းတွင် မောင်တော်မြို့တွင်မီးရှို့မှု့တစ်ကြိမ် သာဖြစ်ပွားခဲ့ပြီးယခင်ရက်များက နှစ်နေရာ၊သုံးနေရာဖြစ်ပွားခဲ့သည်။ထို့အတူလုံခြုံရေးတပ်ဖွဲ့ဝင်များ၏သေနတ်ဖြင့်ပစ်ခတ်ခြောက်လှန့်မှု့များ လည်း အရေအတွက်နည်းလာကြောင်း သတင်းထောက်က သတင်းပေးပို့သည်။
7Day News
မောင်တောမြို့တွင်ဖြစ်ပွားနေသော
မတည်ငြိမ်မှု့များကြောင့် တက္ကသိုလ် ၀င်တန်းအောင်စာရင်းများကို ယနေ့အထိထုတ်ပြန်ကြေငြာခြင်းမ ရှိသေးကြောင်း မောင်တောမြို့မှ 7Day News သတင်းထောက်က သတင်းပေး ပို့သည် ။ မြန်မာတစ်နိုင်ငံလုံးတွင် ဇွန်လ၉ ရက်က အောင်စာရင်းများထုတ်ပြန်ခဲ့သော်လည်း ထိုအချိန် တွင် မောင်တာ၌မတည်ငြိမ်မှု့များဖြစ်နေသဖြင့် အောင်စာရင်းထုတ်ပြန် ကြေငြာနိုင်ခြင်းမရှိဘဲ အောင်စာရင်းသိလိုသူများမှာ စစ်တွေနှင့်ရန်ကုန်မြို့ ရှိ ဆွေမျိုး၊မိတ်ဆွေများထံ ဆက်သွယ်စုံစမ်းနေကြရကြောင်းသိရသည်။
7Day News
 ဘောလုံးအဖွဲ့ချုပ်က ရခိုင်ပြည်နယ်မှ ဒုက္ခသည်များကို သိန်းလေးထောင်လှူဒါန်း
ရန်ကုန်- ဇွန် ၁၃
လွန်ခဲ့သောရက်သတ္တပတ်ကစတင်ဖြစ်ပွ
ားခဲ့သော ရခိုင်ပြည်နယ်အတွင်း မှအကြမ်းဖက်မှု့များကြောင့် ဒုက္ခရောက်နေသူများအတွက် မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ် မှ ငွေကျပ် သိန်းလေးထောင်ကို စစ်တွေမြို့သို့ ယနေ့နံနက်သွားရောက်ကာ ပြည်နယ်အစိုးရအဖွဲ့သို့လှူဒါန်းခဲ့ကြောင်း 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
နာယကဖြစ်သူဦးအောင်ကိုဝင်းက သိန်းတစ်ထောင်၊ဥက္ကဌဦးဇော်ဇော်ကသိန်းတစ်ထောင်နှင့်ဘောလုံးအသင်းများမှစုပေါင်းထည့်ဝင်ငွေစုစုပေါင်းသိန်းလေးထောင်ကိုလှူဒါန်းခဲ့ခြင်းဖြစ် သည်။ လှူဒါန်းငွေ သိန်းလေးထောင်တွင် စစ်တွေမြို့နာရေးကူညီမှု့ အသင်း ကိုလည်းလှူဒါန်းခဲ့ကြောင်းသိရသည်။
7Day News
  “စစ်တွေမြို့ရဲ့ ယနေ့မွန်းလွဲပိုင်း အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေတယ်။ မနက်ပိုင်းကတော့ မကျည်းမြိုင် ဘက်မှာ မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၃ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းဆီးလိုက်တယ်။ ကသဲရွာဘက်မှာလည်း မီးရှို့ဖို့ ကြိုးစားတဲ့ ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းမိပါတယ်။ အဲဒါတွေ အပြင် တခြားထူးခြားတဲ့ ဖြစ်စဉ်တော့ မတွေ့ရသေးပါဘူး” ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော သတင်းထောက်မှ မွန်းလွဲ ၁း၅၀ နာရီတွင် သတင်းပေးပို့ပါသည်။
 
EMG

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော အဓိကရုဏ်း အခြေအနေများကြောင့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရသော ဒုက္ခသည် များအတွက် အစားအသောက် အစရှိသည့် အကူအညီများပေးနိုင်ရန် ရှပ်ရှင်သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း နှင့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်တို့ စစ်တွေမြို့ကို ရောက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။ စစ်တွေမြို့ပေါ်တွင် ဒုက္ခသည် စခန်းပေါင်း ၃၄ ခုရှိနေပြီး ယမန်နေ့မွန်းလွဲပိုင်းအထိ စာရင်းများအရ ဒုက္ခသည် စုစုပေါင်း ၈၅၀၀ ကျော်ရှိနေသည်ဟု ဆိုသည်။ နောက်ထပ် တိုးလာသည့် ဒုက္ခသည်များလည်း ရှိနေကြောင်း စစ်တွေရောက် ပြည်တွင်း သတင်းထောက်များက ပြောသည်။
ဧရာဝတီ
Peace Donor Support Group အဖွဲ့နှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။
EMG

စစ်တွေမြို့တွင် ထုတ်ပြန်ထားပြီးဖြစ်သော ပုဒ်မ ၁၄၄ နှင့် ပတ်သက်၍ ယနေ့နံနက်၌ ထပ်မံအသိပေးကြေညာနေမှုကြောင့် ယခင်နေ့များကကဲ့သို့ တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ကာ လူစုလူဝေးဖြင့် သွားလာမှုများ နည်းပါးသွားကြောင်း သိရသည်။
EMG
ရခိုင်ပြည်နယ်အတွင်း ယခုဖြစ်ပွားလျက်ရှိသည့် ပြသနာများကို ကော်မတီများဖွဲ့စည်း၍ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း ၊ ဖြစ်ပွားနေသည့် ပြသနာများကို ပိုမိုကြီးထွားအောင် နောက်ကွယ်မှ လှုံ့ဆော်နေသူများ၊ ထောက်ပံ့နေသူများ ရှိနေသဖြင့် အဆိုပါ လှုံ့ဆော်ထောက်ပံ့နေသည်ဟု ယူဆရသူများကို စစ်ဆေးလျက်ရှိပြီး လက်ဦးမှုရယူရန်အတွက်လည်း စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်
မှ အကြီးတန်း အရာရှိကြီးတစ်ဦးက Eleven Media Group ၏ မေးမြန်းမှုကို ဇွန်လ ၁၃ ရက် နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်က ပြန်လည် ဖြေကြားခဲ့သည်။
 
EMG
 

No comments:

Post a Comment

 
Blogger Widgets