Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Saturday 23 June 2012

ရခိုင်ပြည်နယ်အတွင်းရှိ ပိတ်ထားသော ကျောင်းများအား မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဟု သိရှိရ

EMG

ရခိုင်ပြည်နယ်အတွင်းရှိ ပိတ်ထားရသော ကျောင်းများ အားလုံး မကြာမီပြန်လည် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ကျောင်းများပိတ်ထားရသဖြင့် ကျောင်းသူ/သားများ၏ ပညာရေးကို ထိခိုက်လာနိုင်သဖြင့် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးကို စီစဉ်လျက်ရှိကြောင်း၊ အနာဂတ်၏ မျိုးဆက်သစ်များ ဖြစ်ကြသော ကျောင်းသူ/သားများသည် လွန်စွာအရေးပါလှကြောင်း၊ ယင်းအတွက် ဦးစားပေးဆောင်ရွက်နေမှုများတွင် ကျောင်းဖွင့်လှစ်နိုင်ရေးလည်း ပါဝင်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူမှ  ဇွန်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

'' အခုက င်္ဘောတွေလည်း ဆွဲနေပြီ၊ လယ်သမားတွေလည်း လယ်ထွန်လို့ရအောင် ဆောင်ရွက်နေပါတယ်။ စပါးစိုက်နိုင်မှ စားဝတ်နေရေးအတွက် အဆင်ပြေကြမှာပါ။ ခုကတစ်ချို့ကလည်း အိမ်ပြန်ကြပါပြီ။ကျောင်းသူ ကျောင်းသားတွေဆိုတာကလည်း ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် အားကိုးအားထားပြုရမယ့် လူငယ်တွေ၊ ကျောင်းသင်ခန်းစာ အသီးသီးမှာ ပညာရည်နို့သောက်စို့ ကြရမယ့် အချိန် ဖြစ်ပါတယ်။ အဲဒါကြောင့် ပြဿနာတွေ ထပ်ပြီးတော့ အကျယ်အကျယ်မဖြစ်ဖို့ တည်ငြိမ်အေးချမ်းဖို့ အတွက်တော့ ကျွန်တော်တို့ ဒေသမှာနေတဲ့ ပြည်သူပြည်သားအားလုံးမှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျောင်းအတွေ အမြန် ဖွင့်လှစ်နိုင်ရေးအတွက်လည်း ဆောင်ရွက်နေပါတယ်''ဟု ရခိုင်ပြည် နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းက ဇွန်လ ၂၁ ရက်နေ့က မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။
အလားတူပင် ကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေသကဲ့သို့ စစ်တွေဈေးကြီးကိုလည်း အမြန်ဆုံး ဖွင့်လှစ်ဖို့ ကြိုးစားလျက်ရှိပါကြောင်း၊ မကြာတော့သော အချိန်ကာလအတွင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့်လာမည့်အပတ်ထဲမှာ ဖွင့် လှစ် နိုင်ခြေရှိကြောင်းလည်း ၄င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ကျောင်းများပိတ်ထားခြင်းများကို ပြန်ဖွင့်လှစ်နိုင်ရေးသည် ကျောင်းသားများအတွက် အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လည်း အရေးပါသောကဏ္ဍ တစ်ရပ်ဖြစ်ကြောင်း၊ ယင်းအတွက် ကျောင်းများ အမြန်ဖွင့်လှစ်နိုင်ရေးသည် ကျောင်းသားမိဘများ စိတ်ဝင်စားနေသော အကြောင်းအရာ တစ်ရပ်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

သို့သော်လည်း ကျောင်းသား မိဘတစ်ဦးကမူ'' ဒီအချိန်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ဆိုတာ မိဘတွေအနေနဲ့တော့ စိုးရိမ်တာပေါ့ဗျာ။ လုံခြုံရေးအပိုင်းမှာ ဘယ်လောက်တာယူထားတယ်ဆိုတာကို ကျွန်တော်တို့ အတိကျသိရမှာသာ ကလေးတွေကို ကျောင်းတက်ဖို့ လွှတ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် တကယ့်ကို တည်ငြိမ်အေးချမ်းပြီဆိုတဲ့ သင်္ကေတတွေကိုမမြင်မချင်း တွေဝေမှုတော့ရှိနေဦးမှာပါ'' ဟု လည်းပြောကြားခဲ့ပါသည်။

No comments:

Post a Comment

 
Blogger Widgets