Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday, 14 June 2012

ဘင်္ဂလီများ နောက်ခံရှိသည့် BBC ၏ ဒေါ်စုအပေါ် မရိုးဖြောင့်သည့် သဘောဖြင့် ခုတုံးလုပ်ခြင်းအား ခြေပခြင်း

by James Mmt on Monday, 31 October 2011 at 16:05 ·
27 - August – 2009 နေ့တွင် ကျရောက်သည့် ဘီဘီစီ နှစ် ၇၀ ပြည့်အထိမ်းအမှတ်တွင် ပြုလုပ်ခဲ့သည် ဒေါ်စုနှင့် ဘီဘီစီ အင်တာဗျူးမှာ ပါဝင်တဲ့ အောက်ပါအမေးအဖြေကို ဘင်္ဂလီတွေဟာ အကိုးအကားယူပြီး ဒေါ်စုကပဲ ၎င်းတို့ကို လက်ခံသယောင်ယောင် ပြောဆိုလာပါတယ်။ စာပါအကြောင်းအရာတွေ ဖတ်ကြည့်တော့ ဘီဘီစီ၏ မရိုးဖြောင့်မှုကို စတင်တွေ့ရှိရပါတယ်။ လူနှစ်ဦးမေးသည့် မေးခွန်းနှစ်ခုအား ဒေါ်စုအဖြေတစ်ခုတည်းနှင့် ရောနှောထားခြင်းဖြစ်ပါတယ်။ ၀ါရှင်တန်မှ မအေးအေးမော် မေးသည့် လူ့အခွင့်အရေးနှင့် ဆိုင်သည့် မေးခွန်းနှင့် နယူးယောက်မှ ရှိတ်အာဘစ်မေးသည့် ရိုဟင်ဂျာနှင့် ပါတ်သက်သည့် မေးခွန်းနှစ်ခုအား ရောပြီးပြန်လည် တင်ပြထားခြင်း ဖြစ်ပါတယ်။ ဒါတွေကြောင့် ဘင်္ဂလီတွေ လိုရာစွဲတွေးပြီး ပြောနေကြခြင်းလည်း ဖြစ်ပါတယ်။ ဒီနေရာတွင် ဘီဘီစီ၏ ကောက်ကျစ်မှုနှင့် ထိုကဲ့သို့ဖြစ်စေရန် ပြဿနာမီး တမင်မွှေးထားခြင်းအား သံသယရှိစရာမလိုတော့ပါ။

သို့ဖြစ်သောကြောင့် ရှင်းလင်းစေရန် ရှိတ်အာဘစ်၏ မေးခွန်းနှင့် ၎င်းမေးခွန်းနှင့်ဆိုင်သည့် ဒေါ်စုအဖြေအား ခွဲထုတ်လိုက်ပါသည်။ ရှိတ်အဘစ် ဒေါ်စုထံကို စာပို့မေးမြန်ထားတာကတော့ - အခုမေးမြန်းလိုတာကတော့ အာရကန်ဒေသရှိ မွတ်စလင် ရိုဟင်ဂျာ လူမျိုးများအား ရှင်းလင်းဖယ်ထုတ်နေခြင်းနှင့် နှိပ်စက်ညှင်းပန်းခြင်း အကြောင်းအရာအား ရည်ရွယ်ပါတယ်။ ကိုးကွယ်ယုံကြည်မှု မြောက်များစွာရှိသည့် ဗမာပြည်တွင် လူနည်းစုကိုးကွယ်သည့် ဘာသာအပါအ၀င်  အားလုံးအတွက် သာတူညီသည့် အခွင့်အရေးရရှိစေဖို့အပေါ် ဒေါ်စုအမြင်ကိုသိလိုပါတယ်။

မေးခွန်းကနေ စကြည့်မယ်ဆိုရင် မေးခွန်းမှာပင် မရှင်းလင်းမှုတွေပါနေပါတယ်။ အာရကန်ဒေသရှိ မွတ်စလင် ရိုဟင်ဂျာတွေလို့ သုံးနှုန်းထားပါတယ်။ ဘင်္ဂလီရိုဟင်ဂျာ အားလုံးဟာ  မွတ်စလင်ဘာသာကို ကိုးကွယ်ပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ရိုဟင်ဂျာတစ်ယောက်မျှ မတွေ့ဘူးပါ၊ ရှိလည်းမရှိပါ။ ယခုလက်ရှိပင် ဘင်္ဂလီများအား ၎င်းတို့နေရပ်မှ နှင်ထုတ်နေခြင်း၊ ဖယ်ရှားနေခြင်းမရှိပဲ မြန်မာပြည်တွင်းသို့ပင် ခိုးဝင်ရောက်လာသောကြောင့် ခြံစည်းရိုးခတ်လိုက်သည်ကိုပင် ဘင်္ဂလားများ မကျေမလည်ဖြစ်နေသည်ကို အထင်အရှားတွေ့နေရပေသည်။ နိုင်ငံနှစ်နိုင်ငံထိစပ်နေသည့် နေရာတွင် ကူးလူးသွားလာခြင်းကို ထိမ်းချုပ်ရသည်မှာ နိုင်ငံတိုင်း၏ ထုံးစံပင်ဖြစ်သည်။ ထိုသို့သွားလာခြင်းကို တားမြစ်ထားသည့် ဥပဒေလည်း ရှိပေသည်။ ဘင်္ဂလား မြန်မာနယ်စပ် မြစ်ဝတွင်ပင် မြန်မာဘက်မှ လုံခြုံရေးတပ်ဖွဲ့များ ရှိသည့်အတွက် ၎င်းတို့ကိုကျော်လွန်၍ ထွက်သွားရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ သို့ဖြစ်သောကြောင့် ၎င်းမေးမြန်းချက်မှာကိုပင် ယုတ္တိမရှိ အပြစ်တင်လိုခြင်း စွတ်စွဲလိုခြင်းက များနေပေသည်။

လူနည်းစု ကိုးကွယ်သည့် ဘာသာဟု ဆိုခဲ့သည့်အတွက် မြန်မာပြည်တွင် အစ္စလာမ်ဘာသာသည် ဘာသာကြီးတစ်ခုအနေဖြင့် ရှိနေပြီးဖြစ်ပါသည်။ ရှိရင်းစွဲ အစ္စလာမ်ဘာသာဝင်များနှင့် ဘင်္ဂလီမွတ်စလင်များမှာ မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါ။ မြန်မာပြည်တွင် အဆိုပါ ရှိရင်းစွဲ ဘာသာအား နှိပ်ကွတ်ခြင်း၊ ဖိနှိပ်ခြင်းလုံးဝမရှိသည်ကို ဆူးလေဘုရား အနီးရှိ ဗလီကြီးအား ကြည့်ပါက သိနိုင်ပေသည်။ ထို့အတူ ဆူးလေဘုရားပါတ်ဝန်းကျင်တွင် တည်ရှိနေသည့် ဗလီပေါင်းမြောက်များစွာကလည်း သက်သေပြပြီး ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် လူနည်းစုကိုးကွယ်သည့် ဘာသာဟု အစ္စလာမ်ဘာသာအား ခုတုံးလုပ်ပြောဆိုခြင်းမှာ လုံးဝမှားယွင်ပေးသည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း ပင်ကိုယ်ကပင် လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသည်ကို အားလုံးအသိဖြစ်ပါသည်။

ထို့အတူ ဒေါ်စုမှ ဖြေကြားခဲ့ရာတွင် မိမိတို့အနေဖြင့် နဂိုကပင် ပြဿနာများ ရှိနေကြာင်းအား ၀န်ခံထားပြီး ဖြစ်ပါသည်။ စတင်မေးသည့် မေးခွန်းတွင်ပင် ရှင်းလင်းမှုမရှိသည်ကို ဒေါ်စုမှ လိမ္မာပါးနပ်စွာ အိမ်နီးခြင်းဆိုသည့် စကားလုံးအား အသုံးပြု၍ ဖြေကြားသွားပါသည်။ လူတိုင်းတွင် အဝေးတွင်ရှိနေသည့် သူများထက် အိမ်နီးခြင်းနှင့်ဖြစ်သည့် ပြဿနာက ပိုကြီးကြောင်း၊ ၎င်းမှာသဘာဝပင်ဖြစ်ကြောင်း ဥပမာပေးခဲ့ပါသည်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်သည့် လမ်းတစ်ခုတည်း သွားနေသည့် အိမ်နီးခြင်းကောင်းဟု သဘောပေါက်ကြောင်းလည်း ပြောဆိုခဲ့ပါသည်။ သို့ရာတွင် မိမိတို့ဘက်မှ အကောင်းမြင်သလောက် မိမိတို့နိုင်ငံအား ရနိုင်သည့် နည်းလမ်းများဖြင့် အနိုင်ကျင့်နေသည်ကို တွေ့နိုင်ပါသည်။ ယခင်က ပင်လယ်ရေပိုင်နက်နှင့် ပါတ်သက်၍ မည်သည့်ပြဿနာမျှမရှိခဲ့သော်လည်း သဘာဝ ဓါတ်ငွေ့ထွက်ရှိသည်မှစပြီး ရေတပ်သင်္ဘောများ စေလွှတ်၍ဟန့်တားခြင်း၊ ရေပိုင်နက်အငြင်းပွားမှုနှင့် ပါတ်သက်ပြီး မြန်မာနိုင်ငံနှင့် စစ်ဖြစ်ပါက မည်သို့မည်ပုံတိုက်မည်ဟု အင်တာနက်တွင် စစ်ရေးအင်အားများ ပြကာရေးသား၍ ခြိမ်းခြောက်ခြင်း ပြုလုပ်နေသည့် နိုင်ငံအား မိမိတို့အနေဖြင့် အိမ်နီးခြင်းကောင်းဟု ခေါ်ဆိုနိုင်မည် မဟုတ်ပါ။
အိန္ဒိယနှင့် မြန်မာမှ လက္ခံ သဘောတူသည့် ရေပြင်ပိုင်နက် နယ်နိမိတ်

ဘင်္ဂလားဒေ့ရှ်မှ မတော်လောဘ ထွက်နေသည့် တောင်းဆိုမှုပြ မြေပုံ
ထို့အတူပင် ဒေါ်စုမှ ဒီနိုင်ငံတွင်းမှာ မိမိတို့နှင့် အတူတကွ နေထိုင်ပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာနှင့် ကောင်းမွန်စွာရှိမည်လို့ သဘောပေါက်ပါတယ်လို့ လိမ္မာပါးနပ်စွာ ဖြေကြားခဲ့ပါတယ်။ ကောင်းမွန်စွာရှိမည်ဟု သဘောပေါက်ပါသည်ဟု ပြောဆိုခဲ့ခြင်းမှာ အလဟဿမဟုတ်ပါ။ ယခုကဲ့သို့ မခိုင်မာသည့် သမိုင်းကြောင်းများ၊ လိမ်လည်ထားသည့် အထောက်အထားများအား အသုံးပြု၍ လူမျိုးစုဖြစ်ပါသည်၊ အာရကန် ဒေသအား ပိုင်ပါသည်၊ ရခိုင်များဝင်လာ၍သာ နေရာဖယ်ပေးရခြင်းဖြစ်ပါသည် စသည်ဖြင့် မလိမ့်တပါတ်ပြုလုပ်၍ တိုင်းပြည်အား ဖယ်ထုတ်ရန် ကြိုးစားလာမည်၊ အချုပ်အခြာ အာဏာအား ထိပါးလာမည်များကို ကြိုသိသဖြင့် အလိမ္မာသုံး၍ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါသည်။

ထို့အတူပင် ဒေါ်စုမှ မိမိတို့အနေဖြင့် အပြန်အလှန် ယုံကြည်မှုရှိဖို့၊ အတူတကွ အလုပ်လုပ်ရန်၊ အတူတကွနေထိုင်ရန်လည်း သဘောပေါက်ပြီး အဆိုပါ သဘောပေါက် နားလည်မှုကိုလည်း အစောကြီးကတည်းက တည်ဆောက်နေတယ်လို့ ကျွန်မထင်ပါတယ် ဟုလည်း ဖြေကြားခဲ့ပါသည်။ ဤနေရာတွင် ဒေါ်စုသုံးခဲ့သည့် We ဆိုသည်မှာ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအား ဆိုလိုရင်းလည်း ဖြစ်ပါသည်။ ဘင်္ဂလီ ရိုဟင်ဂျာများကို ဆိုလိုရင်းမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော ဘင်္ဂလီ ရိုဟင်ဂျာများမှာ မြန်မာတိုင်းရင်းသားများ မဟုတ်သည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ ထို့အတူ ယခုကဲ့သို့ ဘင်္ဂလီ ရိုဟင်ဂျာများနှင့် ပြဿနာဖြစ်ပွားနေသည်မှာ ကျန်သည့်နေရာတွင် မရှိပဲ ဘင်္ဂလားဒေ့ခ်ျနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် ဘူးသီးတောင် မောင်းတော ဒေသတွင်သာ ဖြစ်ပွားနေသည့်အတွက် မိမိတို့ (တိုင်းရင်းသား ပြည်သူ၊ ပြည်သားများ)အနေဖြင့်ဟု သုံးနှုန်းခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့်သာ မိမိတို့အနေဖြင့် အပြန်အလှန်ယုံကြည်မှုဟု သုံးနှုန်းခဲ့ခြင်းလည်း ဖြစ်ပါသည်။

အချုပ်အားဖြင့် ဒေါ်စု၏ အဆုံးသတ် ဆိုလိုရင်းသည် အဆိုပါ သဘောပေါက်နားလည်မှုအား တည်ဆောက်နေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလီ ရိုဟင်ဂျာများအား တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်သည်ဟု သတ်မှတ်ပြောဆိုခဲ့ခြင်း အလျင်းမရှိပေ။ သဘောသဘာဝ မတူညီသည့် မေးခွန်းနှစ်ခုအား ဖြေဆိုထားသည့် အဖြေနှစ်ခုကို ယုတ်မာသည့် အကြံအစည်ဖြင့် ဘီဘီစီမှ ရောနှောထားသည့်အတွက်ကြောင့် အဖြေမှာ ရှုပ်ထွေးသွားခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းမှာ တမင်တကာရည်ရွယ်၍ ကြိုတင်ဖန်တီးထားခြင်းမှန်းလည်း သိသာပေသည်။ သို့ဖြစ်သောကြောင့် ဘင်္ဂလီ ရိုဟင်ဂျာများသည် ထိုသို့ဖြစ်စေရန် စနစ်တကျ အကွက်ချ၍ ဘီဘီစီနှင့် ပူးပေါင်းပြီး လုပ်ဆောင်ထားခြင်းလည်း ပေါ်လွင်ပေသည်။ ယခုကဲ့သို့ ဘင်္ဂလီ ရိုဟင်ဂျာများအား လူသားခြင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် လက်ခံရန် တိုက်တွန်းနေသည့် အချိန်နှင့် တမင်အချိန်ကိုက်ပင် ဖော်ထုတ်လာသည့် အဆိုပါ အမေးအဖြေ အင်တာဗျူးမှာ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က မေးမြန်းထားခြင်းလည်း ဖြစ်ပေသည်။

သို့ဖြစ်သောကြောင့် ယခုကဲ့သို့ ကမ္ဘာကျော် အသံလွှင့်ဌာနကြီးဖြစ်သည့် ဘီဘီစီသည်ပင် ဘင်္ဂလီ ရိုဟင်ဂျာများ၏ လက်သုံးတော်ခံ လက်နက်ကြီးတစ်ခု ဖြစ်နေသည်ကို ၀မ်းနည်းဖွယ် တွေ့ရှိရပါသည်။ ဘီဘီစီတွင် အလုပ်လုပ်နေကြသည့် မြန်မာလူမျိုး ၀န်ထမ်းများသည်လည်း ထိုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ထားသည်ကို အမျိုးသားရေးစိတ်ဓါတ်ဖြင့် ပြည်သူလူထုသို့ အသိပေးရန် ပျက်ကွက်ခဲ့ခြင်းအားလည်း သိရှိနိုင်ပေသည်။ ယခင်က မြန်မာနိုင်ငံအတွင်းတွင် ဖိနပ်ပျောက်၊ အပ်ပျောက်၊ ကလေးပျောက်ကအစ အတိအကျသိကြသည်၊ ပျောက်ဆုံးသွားသည့် ကလေးသည် မည်သည့်နေရာရှိတပ်တွင် ကလေးစစ်သားအနေဖြင့် အတင်းအဓမ္မ စေခိုင်းခံနေရကြောင်းအား၊ မြန်မာအစိုးရမှ ဗုံးပေါက်ကွဲမှု ဖြစ်တိုင်း မည်သူမှ မည်သို့လာ၍ မည်သို့မည်ပုံခွဲသွားသည်ဟု သတင်းစာရှင်းလင်းသကဲ့သို့ အတိအကျ ရေးသားထုတ်လွှင့်နိုင်ကြသည့် ဒိဗ္ဗစက္ခုရနေသည့်နှယ် အလွန်အကြားအမြင် ထက်မြက်ကြသည့် သတင်းဌာနများမှာလည်း နှာစေးနေသည်ကို ၀မ်းနည်းဖွယ် တွေ့ရှိရပါသည်။

မိမိတို့နိုင်ငံသားများပင်လျင် မိမိတို့အခွင့်အရေးအပြည့်အ၀ မရရှိသည်ကို ပြန်လည်ရရှိရန် ကြိုးပန်းနေချိန်လည်း ဖြစ်ပါသည်။ အိမ်တစ်အိမ်သည် မိမိတို့ အိမ်တွင်းရေးအား ရှင်းလင်းပြီးမှသာ အိမ်ဘေးတွင် အဖီလာဆွဲနေသည့် လူများ၏အရေးအား လှည့်ကြည့်နိုင်ပေမည် ဖြစ်ပါသည်။ ယခုတွင်မူ မိမိအိမ်တွင်းရေးအား ပစ်ပယ်၍ အိမ်ဘေးတွင် အဖီဆွဲနေသည့် လူများအား လူသားအခြင်းခြင်းစာနာ နားလည်ခိုင်းနေသည်မှာ ပင်ကိုယ်ကပင် လူ့အခွင့်အရေး အပြည့်အ၀ မရသေးသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား ပစ်ပယ်နေခြင်းလည်း ဖြစ်ပါသည်။ အဆိုပါ ကိစ္စအား ထောက်ပြခြင်းမရှိသည့် လွတ်လပ်ပါသည်ဆိုသည့် သတင်းဌာနများ၊ မြန်မာပြည်အရေး ကျွမ်းကျင်ပါသည်ဆိုသည့် ပုဂ္ဂိုလ်များ၏ ရပ်တည်ချက်မှာလည်း ဒေါ်လာ မျက်နှာကိုသာ အမျိုးသားရေးထက် ပိုမိုဦးစားပေးနေကြောင်း ပေါ်လွင်နေပါသည်။

ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အားလုံးက ဆန္ဒပြင်းပြနေသည်တွင် မိမိတို့ တိုင်းရင်းသား မဟုတ်သည့် ဘင်္ဂလီ ရိုဟင်ဂျာများအား ဦးစားပေးရန် ပြောဆိုနေခြင်းမှာ မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိသည်ကို ယခုလက်ရှိ ဘီဘီစီ မြန်မာပိုင်း Facebook တွင်ရေးထားသည့် မှတ်ချက်များအား ကြည့်ရှုလျင် သိနိုင်ပါသည်။ သို့ဖြစ်သောကြောင့် မိမိတို့ အိမ်တွင်းရေးအား အဆင်ပြေစေရန် ကြိုးစားနေစဉ်တွင် သခွတ်ပင်မှ မီးတကျဉ်ကျဉ်လုပ်နေခြင်း၊ အဆိုပါ မီးတကျဉ်ကျဉ်အား မီးလောင်ရာလေပင့်ခြင်း၊ ဓါတ်ဆီလောင်းပေးနေခြင်းများအား ဆက်လက်ပြုလုပ်နေသည့် BBC နှင့် ရေငုံနှုတ်ပိတ်နေသည့် အခြားသော မီဒီယာများအားလည်း အမျိုးချစ်စိတ်ရှိကြသော မြန်မာများက မကျေလည်သည်ကို တွေ့နိုင်မည် ဖြစ်ပါသည်။ အဆုံးသတ်အနေဖြင့် ယုတ်မာသည့် အကြံအစည်ဖြင့် ဒေါ်စုအား အကျဉ်းအကျပ်ထဲသို့ တွန်းပို့သည့် BBC အားဆန့်ကျင်ရှုတ်ချသကဲ့သို့၊ ယခုကဲ့သို့သော အမျိုးသားရေးနှင့်ဆိုင်သည့် ကိစ္စ၊ လူထုခေါင်းဆောင်အား တမင်အကျပ်အတည်းဖြစ်စေရန် ယုတ်မာသည့် ဘီဘီစီအား မည်သို့မျှပင် ထင်မြင်ချက်မပေးသည့်အပြင် ယခင်က လုံးဝ မဖြစ်ပေါ်ခဲ့ဘူးသည့် နာမည်ကြီး မီဒီယာကြီးအား ပြည်သူအများ တခဲနက် ၀ိုင်းဝန်း ဆန့်ကျင်နေချိန်တွင် အခြားသော လွတ်လပ်သည့် မီဒီယာများမှ နှုတ်ပိတ်နေခြင်းဖြင့် ပြည်သူ့ဆန္ဒအား အလေးထားခြင်း အလျင်းမရှိသည့်အတွက် BBC နည်းတူ ပြင်းထန်စွာ ဆန့်ကျင် ရှုတ်ချအပ်ပေသည်။

(ဤ Notes တွင် ဖော်ပြချက်များသည် အမျိုးသားရေးကို ရှေ့တန်းတင်ထားသည့် လူအများစု၏ စိတ်ဆန္ဒကို ဖော်ဟပ်ထားခြင်းသာဖြစ်ပါသည်)

No comments:

Post a Comment

 
Blogger Widgets